3. So Shameless

314 14 0
                                    

"Hello..."

"%%%"

"ကိုကို ... အဆင်ပြေရဲ့လား"

"%%%"

"အင်း အားလုံး ပြေပါတယ်။ ခုနကဘဲ ညစာ သွားစားကြတာ။ ခု ဗိုက် အရမ်းတင်းနေပြီ။ အလုပ်ကြီးဘဲ အရမ်း မလုပ်နဲ့လေ ... အစား ပုံမှန်စားအုံးနော်"

"%%%"

"...ဂရုစိုက်အုံး။ အင်း .. me too"

ဖုန်းလိုင်းကျသွားတာနဲ့ Jake ပြတင်းအပြင်ဘက်ကို ကြည့်လိုက်သည်။ ဟိုတယ်ရဲ့ ဘန်ဂလိုကို ထွက်ပြီး၊ သာယာလှပတဲ့ ညလေအေးကို ခံစားနေလိုက်သည်။

"Jakie ..  Jake "

ရုတ်တရက် Jake နားထဲ တိုးဝင်လာတဲ့ နာမည်ခေါ်သံ ဆက်တိုက်။ ဟိုလူကြီး ရေချိုးခန်းထဲမှ လှမ်းခေါ်နေခြင်းပင် ဖြစ်တယ်။

"သား ဒီမှာ ရှိတယ် ... အသံပြဲကြီးနဲ့ အော်မနေနဲ့"

Jake အခန်းထဲသို့ ပြန်ဝင်လိုက်ရင်း ရေချိုးခန်းရှေ့မှာ ရပ်လိုက်သည်။

"ကိုကြီး ... ဘာဖြစ်လို့လဲ?"

" ငါ ... သဘတ် မပါလာလို့.. အဲဒါ ယူလာပေးအုံး"

ကျစ် ... ဒီလူကြီးက လူကို တအားခိုင်းစားတယ်။ အလုပ်လဲ ရှုပ်စေတယ်။ ပြောနေတဲ့ပုံကိုလဲ ကြည့်။ နည်း,နည်းလေးမှကို ယူလာပေးချင်စရာ မကောင်းပေ။

"မ ယူ ချင် ဘူး"

"တ ကယ် လား?"

"အွန်း"
.
.
.
ရေချိုးခန်းထဲက ရေကျသံက တိတ်ဆိတ်သွားသည်။ Frank Lucas ထံမှ နောက်ထပ် စကားသံ မကြားရတော့ပေ။

ဂျိတ် ... ကလေးမှာ နှုတ်ခမ်းကို ရှေ့သို့ တွန့်လိမ်ရင်း ကျေနပ်အားရစွာ ပြုံးလိုက်သည်။

မယူလာပေးတော့လဲ ဘာလုပ်ချင်လဲ?
ခင်ဗျားကြီးကို စေတနာမပါလို့ ... တကယ်

စုပ်လုံးတစ်လုံးကို ဖောက်၍ အာခံတွင်းထဲ ငုံလိုက်သည်။ ဒီည Ongoing လိုက်နေတဲ့ Manga Update ရှိတယ်။ သူ အဲဒါကို လွတ်သွားလို့ မရပေ။

မွေ့ရာပေါ်သို့ ဒိုင်ဗင်ထိုးချလိုက်ရင်း ခေါင်းအုံးပေါ် မေးတင်ကာ ဝမ်းယားမှောက်လှဲနေလိုက်သည်။ ခြေသလုံး သေးသေး,သွယ်သွယ်နှစ်ဖက်က အပေါ်သို့မြှောက်ထား၍ ဘောင်းဘီစက ချောင်ကျနေလေရဲ့။ ဖြုဖပ်ဖြုလျော် အသားလေးများပါ မြင်လို့ပင်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now