26. Yes, I'm addictive

198 8 0
                                    

မိနစ်အနည်းငယ်ကြာတော့၊ အချုပ်ခန်းထဲမှာ မတ်မတ်မရပ်နိုင်စွာပင်၊ နံရံကိုမှီပြီး ထိုင်နေခဲ့တဲ့ ဂျုးအင်္လကာမောင်ထံမှ ...

"ခင်ဗျား ဒီထဲ ဝင်ခဲ့"

'ထိုက်' က အေးအေးဆေးဆေးပင် အချုပ်ခန်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ဒူးတစ်ဖက်ထောက်၊ ထိုင်ချကာ၊ အကျဉ်းသားရဲ့မေးဖျားကို ရှေ့သို့ ဆွဲယူသည်။

"ငါ ရောက်လာပြီ"

စူးရဲနေတဲ့ မျက်ဝန်းနှစ်စုံက အချင်းချင်း တွေ့ဆုံသွားကြသည်။ ခဏကြာတော့၊ နှုတ်ခမ်းဖျားထက် မဲ့ပြုံးတစ်ခုကို ပန်ဆင်ထားတဲ့ 'ထိုက်' ထံမှ ...

"ရောက်လာပြီလေ။ မင်း ဘာမှ ဆက်မပြောဘူးလား"

"ငါ့ကို ဖမ်းခေါ်ထားပြီး ဘာလုပ်မှာလဲ! ရွှေရည်ဝင်းထိုက် !"

"..."

"သတ်ပစ်လိုက်! ငါ့ကို သတ် ပစ် လိုက် တော့"

"သတ်မှာ။ အဲဒါကို မင်း စိတ်ပူနေစရာ မလိုဘူး။ ငါ သိချင်တဲ့ မေးခွန်းတွေ ဖြေပြီးရင် မင်းကို အရှင်ထားမှာ မဟုတ်ဘူး၊ စိတ်ပူ မနေနဲ့"

"ဟက်"

"ဖရန့်လူးကပ်စ်က ဘယ်သူလဲ? နယူးယောက်မှာတုန်းက မင်း ငါတို့ဂိုဏ်းနောက် လိုက်ပြီး၊ တောက်လျှောက် စုံစမ်းနေခဲ့တာ မင်းကရော ဘယ်သူလဲ? အဲဒီ မတိုင်ခင်မှာ မင်း ဖြောင်,သွားခဲ့တဲ့၊ ငါတို့ဆေးတွေကရော ဘယ်မှာလဲ? အဲဒါ ဒေါ်လာ ဘီလီယံချီပြီး၊ တန်တယ်ဆိုတာ နားလည်ရဲ့လား !? အဲဲဒီဆေးတွေကို မင်းတို့စခန်းက သိမ်းသွားတာလား!? မင်းတို့ စခန်းတည်နေရာက ဘယ်မှာလဲ!?

မေးခွန်းတွေက ဆက်တိုက်နဲ့ပင်။ နယူးယောက်မှာတုန်းက ဆေးတွေ အဖြောင်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး၊ 'ရွှေရည်ဝင်းထိုက်' က အဲဒါကို အငြိုးအတေး ထားနေခဲ့တယ် ထင်ပါရဲ့။

လက်ရွေးစင် တပ်ဖွဲ့တစ်ခုလုံးမှာ အငယ်ဆုံး။ အဖွဲ့ရဲ့လုံခြုံရေး၊ ထောက်လှမ်းရေး၊ ခြေရာခံကောက်တဲ့နေရာမှာ အမေရိကန် တနိုင်ငံလုံးနဲ့ယှဉ်ရင်၊ အတော်ဆုံးဖြစ်တဲ့ သူက လင်းယုန်ငှက်ဂိုဏ်းရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့၊ တာဝန်ကျခဲ့တယ်။ အဲဒီမှာ အတူတွဲလုပ်တဲ့ အဖွဲ့ဝင်က နောက်ကောက်ကျကျန်ခဲ့လို့၊ သူတစ်ယောက်တည်း၊ လင်းယုန်တွေရဲ့နောက်ကိုလိုက်ခဲ့မိရာမှ အခုလို အဖမ်းခံလိုက်ရခြင်းပင်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Où les histoires vivent. Découvrez maintenant