28. Moonlight embracing the Star

138 6 0
                                    

'မဟုတ်ပါဘူးလို့ !'

'......'

'ငါ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ? ဒန်နီရယ်!'
.
.
.
ရုတ်တရက်ကြီး နီးကပ်လာတဲ့ စကားသံများကြောင့်၊ ကေဒင်ဇိုင်းတို့နှစ်ယောက်မှာ တန့်ခနဲ ဖြစ်သွားသည်။ လူးကပ်စ် စံအိမ်၏ အနောက်ဘက်စွန်းစွန်းမှာ၊ ဖရန်ဇို မိသားစုရဲ့ နေအိမ်အနောက်ဘက်နဲ့၊ ကူးသန်းသွားလာလို့ရတဲ့ တံခါးပေါက်သေးတစ်ခု ရှိသည်။ အိမ်နှစ်အိမ်ရဲ့ ပေါင်းကူးတံတားပင်။ စကားသံတွေက ထိုနေရာဘက်မှ ရောက်ရှိလာခြင်းပင်။

ချက်ချင်းလိုပင် ကေဒင်ဇိုင်းမှ စ,လှုပ်ရှားလာခဲ့တယ်။ ကြားလိုက်ရတဲ့ အသံအရ သူ့မာမီ 'ဘယ်လာ' ဆီမှပင်။ ရဲသွေးနီ လို သူစိမ်းတစ်ယောက်က ဒီအနောက်ဘက်ခြံဝင်းထဲသို့ ရောက်လာခဲ့တာကိုသာ၊ အထူးသဖြင့် သူ အပန်းဖြေရာအိမ်လေးအထိ ရောက်နေတာကိုသာ မာမီ မြင်သွားခဲ့လျှင်၊ မိုးမီးလောင်သွားလိမ့်မယ်။ မာမီက သိပ်ကို ပွါးတတ်တယ်။ ဒါ့အပြင် အခြေအနေ အရိပ်အကဲခတ် မြန်တယ်။ ဒါကြောင့် ကေဒင်ဇိုင်းနဲ့ ရှေ့တစ်လှမ်းအကွာမှာ မလှုပ်တလှုပ် သွားနေတဲ့၊ 'ရဲသွေးနီ' ထံသို့၊ သူ့ခြေလှမ်းတွေကို အပြေးနှင်တယ်။

"လာ! ငါ့နောက် လိုက်ခဲ့"

"အ့!"

ထိုဆီ ရောက်တော့ ရဲသွေးနီရဲ့လက်ဖျံတစ်ဖက်ကို အကြမ်းပတမ်းဆွဲကာ ကေဒင်ဇိုင်း ခေါ်လာလိုက်တယ်။ လူးကပ်စ် မိသားစု အနားယူနေကြ အပန်းဖြေ,အိမ်ငယ်လေးက ဒီနေရာနဲ့ မလှမ်းမကမ်းမှာဘဲ။ ကြည့်ရတာ မာမီတို့က ထိုနေရာဆီသို့ ဦးတည်နေကြပုံဘဲ။ ဒါကြောင့် မီးလှုံတဲ့နေရာနဲ့ သိပ်မဝေးတဲ့၊ ကေဒင်ဇိုင်း အနားယူနေကြ၊ စက်ဝိုင်းပုံစံ အခန်းထဲ၊ ရဲသွေးနီကို ဆွဲခေါ်လာခဲ့လိုက်တယ်။

ကေဒင်ဇိုင်းက စိတ်တွေ မွန်းကြပ်တဲ့အချိန်တိုင်း၊ ကြယ်တွေစုံလင်တဲ့ ကောင်းကင်ပြင်ကျယ်ကြီးကို ကြည့်ရတာ သိပ်ကြိုက်တယ်။ သူ့စိတ်တွေ ဗလာ,ကင်းမဲ့နေသလို၊ အဆုံး,မရှိတဲ့ ပြာလဲ့လဲ့ ကောင်းကင်ကြီးကို ငေးရင်း၊ ဒီတိုင်း စိတ်တွေ လွင့်မျောနေရတာကို သဘောကျတယ်။ ဒါကြောင့် မြစ်ရေပြင်ရှေ့၊ လေညှင်းခံရတာ ကြိုက်တဲ့ Jake နဲ့၊ ကြယ်,ကြည့်ရတာ ကြိုက်တဲ့ သူ့အတွက်၊ ဒီလကြည့် အခန်းလေးက မရှိမဖြစ်ဘဲ။ ပြောလို့ ပြောတာ မဟုတ်ဘူး။ Jake Frenzo နဲ့ သူနဲ့မှာ တခါတရံ တူတဲ့အချက်တွေ များတယ်လို့ ခံစားရတယ်။
.
.

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Tempat cerita menjadi hidup. Temukan sekarang