40. Love is Color Blind

225 5 2
                                    

"နင် ... သေချာ ဆုံးဖြတ်ပြီးပြီလား?"

စကားရဲ့နောက်မှာ တုံ့ပြန်ဖြေသံက ချက်ချင်း မ,ထွက်လာ၊ ထိုအစား သက်ပြင်းလေးလေးရှိုက်သံသာ လိုက်ပါလာသည်။ မြူနှင်းပိုပိုက သူငယ်ချင်းဖြစ်သူရှေ့သို့ သွားရပ်သည်။ ထို့နောက် နောက်တစ်ခါ သေချာ ထပ်မေးသည်။

"နင် တကယ် သူနဲ့ ထွက်သွားမှာလား?"

"အင်း"

ဒီတစ်ခါတော့ အဖြေက ချက်ချင်း ပြန်လာခဲ့သည်။ ဤအဖြေကြောင့် မြူနှင်းပိုပိုရဲ့ရင်ထဲထောင့်တစ်နေရာမှ ပူလောင်မှုက ငြိမ်းအေးသွားခဲ့သည်။ သူမက သူငယ်ချင်းဖြစ်သူ မရိပ်မိအောင် ဘေးဘက်လှည့်၍ သက်ပြင်းကို မှုတ်ထုတ်သည်။ 'ထိုက်' ခုလို ထွက်သွားဖို့ ဆုံးဖြတ်လိုက်တာကလဲ ကောင်းသားလို့ သူမ စိတ်ထဲ တွေးတောနေမိသည်။ ဘာကြောင့်ဆို ဤသူငယ်ချင်းကို သူမ သစ္စာဖောက်မိသလို ခံစားချက်မျိုး ရှိနေခဲ့လို့ပင်။

မြူနှင်းပိုပိုက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ နာမည်ကြီးဆုံး ဓာတ်ခွဲခန်းပညာရှင် ဖြစ်သည်။ အရင်က သူမဟာ ဘယ်အစိုးရအဖွဲ့အစည်းတွေနဲ့မှ တရားဝင် မပတ်သက်ဖူးသလို၊ ဘယ်မြေအောက်ဂိုဏ်းတွေနဲ့မှလဲ မပတ်သက်ဖူးခဲ့ပေ။

သို့သော် ကံကြမ္မာဇာတ်ဆရာ အလိုကျ သူမ၏ အရင်းနှီးဆုံးမိတ်ဆွေ၊ ချစ်ရသူတွေက ထိုအဖွဲ့အစည်းတွေနဲ့ တနည်းတဖုံ ပတ်သက်နေကြသည်။ ရွှေရည်ဝင်းထိုက်က သူမရဲ့ ငယ်သူငယ်ချင်း။ ဂျူးအလင်္ကာမောင်က စတန်းဖို့ဒ် တက္ကသိုလ်မှ ခင်မင်ရတဲ့ သူငယ်ချင်း။ ဆဲဗန်တင်းက နှစ်ပေါင်းများစွာ သူမ တိတ်တခိုး သဘောကျလာခဲ့ရတဲ့ အမျိုးသမီး။ ဒါကြောင့် သူငယ်ချင်းနဲ့ ချစ်သူ 'ဤ' နှစ်ခုမှာ ပြတ်သားစွာပင် သူမ ချစ်ရတဲ့လူကို ရွေးချယ်မိခဲ့သည်။ 'ထိုက်' က စီအို ခရစ်တစ်ကယ် ဆေးနဲ့ပတ်သက်ပြီး၊ ကုန်ကြမ်းရွေးချယ်တာကစ ကုန်ချောကို ထုတ်လုပ်ခဲ့တဲ့အချိန်ထိ သူမနဲ့ အရာအားလုံး တိုင်ပင်ခဲ့သည်။

ဒါကြောင့် သူမက လင်းယုန်ဂိုဏ်းရဲ့အဖွဲ့သားတစ်ယောက် မဟုတ်သည့်တိုင် 'ထိုက်' ရဲ့ယုံကြည်မှုကြောင့်၊ ဂိုဏ်းရဲ့လျို့ဝှက်ချက် တော်တော်များများကို သိနေခဲ့၏။ စီအို ခရစ်တစ်ကယ်ဆေးကို ထုတ်လုပ်နိုင်ဖို့၊ အရေးကြီးဆုံးပစ္စည်းတွေထဲမှ တစ်ခု။ လူ့ခန္ဓာကိုယ်ကို အဆိပ်ဖြစ်စေနိုင်တဲ့ CO ရဲ့ ဂုဏ်သတ္တိကို ဖိနှိပ်နိုင်ဖို့ရန် လိုအပ်တဲ့  'ခရစ်တစ်ကယ်' လို့ အမည်တွင်တဲ့ ကုန်ကြမ်းမှာ အမေရိကဘက်မှာ မရနိုင်ပေ။ ဒါကြောင့် ဒီဆေးကိုထုတ်လုပ်ဖို့ 'ထိုက်' သူမဆီ လာတိုင်ပင်တုန်းက 'ကုန်ကြမ်း အစုံအလင် မရနိုင်လို့ လုံးဝ မထုတ်လုပ်နိုင်ဘူး' လို့ သူမ ပြောခဲ့ဖူးသည်။ သို့သော် ထိုသို့ မ,ဖြစ်နိုင်ဘူးဆိုတဲ့အရာကို 'ထိုက်' က ဖြစ်အောင် လုပ်ဆောင်ခဲ့သည်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now