41. Everything has Changed

304 11 2
                                        

"ဇိုင်း ...."

ခေါ်သံကို ကြားတော့ အချုပ်ခန်းထဲမှလူက ခေါင်းတစ်ချက် မော့ကြည့်လာသည်။ ရဲသွေးနီ ရင်ထဲနင့်ခနဲ ဖြစ်သွားသည်။ မသိလိုက်ခင်မှာပင် ကေဒင်ဇိုင်းနဲ့သူ့ကြား စည်းခြားထားတဲ့သံတိုင်တွေကိုကိုင်၍၊ ခြေထောက်တွေက ညွှတ်ကွေးကျသွားခဲ့သည်။ ကေဒင်ဇိုင်းက လက်တစ်ကမ်းအလိုလောက် ရှေ့မှာ ဒူးထောက်ကျသွားတဲ့ ပုံရိပ်ငယ်လေးကို အသက်မပါတဲ့မျက်ဝန်းတွေနဲ့ ကြည့်နေခဲ့၏။ ရဲသွေးနီကတော့ သုံးရက်တာအတွင်းမှာပင် ယိုယွင်းပျက်စီးနေတဲ့ ကေဒင်ဇိုင်းရဲ့ပုံစံကို ငေးရင်း ...

ယခင်က အညိုရောင် ဆံပင်၊ အညိုရောင် မျက်ဝန်း၊ အသား ခပ်လတ်လတ်နဲ့ အရမ်းကို ချောမောပြီး ကြည့်ကောင်းတဲ့လူ။ ယုံကြည်ချက်အပြည့်ရှိခဲ့တဲ့ မျက်ဝန်းတွေက ခုလို မှိန်ဖျော့နေတာကိုကြည့်ရင်း၊ ခုလက်ရှိ သူ မြင်တွေ့နေရတဲ့ ကေဒင်ဇိုင်းရဲ့အပြင်ပန်းပုံစံကတောင် ဒီလောက်ထိ ပြိုလဲနေတာဆိုရင် ဒီလူရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကရော အဆင်ပြေနေပါရဲ့လား?

"မင်း ... ဘာလာလုပ်တာလဲ?"

မေးစေ့မှာ မုတ်ဆိတ်မွှေးတွေက ခပ်စစ။ အဝတ်အစားတွေကလဲ ညစ်ပတ်ပေရေစွာဖြင့်။ ပုံမှန်နဲ့ မတူဘဲ ပေပွနေတဲ့အပြင် အားမရှိတဲ့ လေသံလိုမျိုး အသံတိုးတိုးက ရဲသွေးနီရဲ့နားထဲစီးဆင်းလာခဲ့သည်။

ကေဒင်ဇိုင်းကို ခုလို တွေ့ခွင့်ရဖို့၊ သုံးရက်တာလုံး ကြိုးပမ်းနေခဲ့ရတယ်၊ အဲနေ့ ဟိုတယ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့တယ်၊ မုဒိန်းမှုနဲ့ ဘယ်ကဘယ်လို စွပ်စွဲခံခဲ့ရတယ်၊ ဒါတွေကို မေးချင်နေပေမဲ့၊ သူ့တစ်သက် ကေဒင်ဇိုင်းရဲ့မျက်နှာရိပ် မျက်နှာကဲကိုသာ ကြည့်ပြီးနေလာခဲ့တာကြောင့်၊ ခုချိန်မှာ ကေဒင်ဇိုင်း ဘာမှ ပြောချင်စိတ် မရှိနေဘူး ဆိုတာကိုလဲ နားလည်နေပြန်သည်။

ဒါကြောင့်ပင် အဖေ့ကို ပြောခဲ့တဲ့အတိုင်း ကေဒင်ဇိုင်း အပြစ်ပေါ့ဖို့ရန်၊ သူ လုပ်နိုင်တဲ့အရာ ဘာမဆို လုပ်ဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်က ခိုင်မာသွားခဲ့သည်။

"နေ ... နေရတာ အဆင်ပြေရဲ့လား?"

တစ်သက်လုံး ရွှေပေါ်မြတင်ဘဝနဲ့ နေထိုင်လာခဲ့တဲ့ ဘီလီယံနာ သူဠေးသား။ သေချာပေါက် ဒီလိုနေရာနဲ့ အဆင်ပြေနေမှာ မဟုတ်တာကို သိနေရက်နဲ့တောင် စတင်,မေးလိုက်မိတာက ထိုမေးခွန်း။ မှားတာကို သိလျှင်သိခြင်းပင် စကားလွှဲဖို့ စဉ်းစားလိုက်ပေမဲ့ ..

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now