'Homeless' Bar 🍷
ဒေါ်ဘယ်လာ မောင်းနှင်လာခဲ့တဲ့ ကားတစ်စီးမှာ ကမန်းကတန်းနဲ့ပင် ဆိုင်ရှေ့သို့ ထိုးရပ်လာခဲ့သည်။ အလျင်စလိုပင် ဆိုင်တွင်းသို့ ဝင်လာတဲ့ သူ(မ) ကို အလုပ်သမားများက လှမ်းနှုတ်ဆက်ကြသော်ငြား၊ အာရုံ မရ။ ဆိုင်အနောက်ဘက်သို့ အလျင်စလို ပြေးဝင်လာခဲ့သည်။
ခုလက်ရှိ သူ(မ) ရင်ထဲမှာ ဖွင့်မပြောနိုင်တဲ့ ပူပန်မှုများစွာ တည်ရှိသည်။ သားငယ်က Jakie ကို အမြဲလိုလို ဂရုတစိုက် ပြုမူ,နေတတ်တာကို တွေ့နေရပေမဲ့၊ ဒါက ညီအကိုလို ချစ်ခြင်းဘဲလို့၊ သူ(မ) မျက်စိမှိတ်ပြီး၊ ယုံကြည်ခဲ့သည်။ ကေဒင်ဇိုင်းက သူ(မ) သိပ်ချစ်ရတဲ့ သားပင်။ ဒါကြောင့် ဖတဆိုး သားလေးကို ငယ်,တည်းကပင် လိုချင်သမျှ အရာရာ အလိုလိုက်,အကြိုက်ဆောင်ခဲ့သည်။ ဘယ်လာ လုပ်ပေးနိုင်တဲ့ ဘယ်အရာမဆို သားဖြစ်သူ အလိုကျ အကုန် စွမ်းဆောင်ပေးနိုင်သည်။ သို့သော် အဲထဲမှာ Jake Frenzo တော့ မပါပေ။
"ဟင့် ...."
ဆိုင်အနောက်ဘက်ရှိ ကေဒင်ဇိုင်းရဲ့အခန်းရှေ့သို့ ရောက်တော့၊ ရှိုက်သံတစ်ခုကို ဒေါ်ဘယ်လာ ကြားလိုက်ရသည်။ ခပ်တိုးတိုးလေးပေမဲ့ ဝမ်းနည်းတစ်ကြီး ငိုရှိုက်နေတဲ့ အသံများပင်။ အခန်းတံခါးကို ဖွင့်ကာ အထဲသို့ ဝင်သွားတော့ ...
"ဟင်"
ကုတင်ပေါ်မှာ ထိုင်ကာ ငိုကြွေးနေတဲ့ ကောင်လေးထံမှ အာမေဋိတ်သံတစ်ခုက ထွက်ကျလာခဲ့သည်။ ဒေါ်ဘယ်လာ ထိုဆီသို့ အလျင်အမြန် သွားမိတယ်။
"မင်းက စခန်းမှူးရဲ့သား ရဲသွေးနီ မလား?"
"ဟုတ် ... ဟုတ်ပါတယ်"
"ကေဒင် ... ဘယ်မှာလဲ? လွန်ခဲ့တဲ့ တစ်နာရီလောက်ကဘဲ။ ကေဒင်နဲ့ Jake ဒီကို ရောက်လာသေးလား?"
မေးသာ,မေးနေရတယ်။ ဒေါ်ဘယ်လာရဲ့ နှလုံးသားက ပူလောင်လာရသည်။ သားငယ် ဘယ်ရောက်သွားတာလဲ? ဖရန့်,ကတော့ သူ(မ)ကို အကြောင်းပြချက် မရှိဘဲ၊ လိမ်မဲ့ လူမျိုး မဟုတ်ပေ။ သားငယ်နဲ့ Jake ကို တွဲတွေ့လိုက်လို့သာ၊ အဲလို ပြောခဲ့တာပင် ဖြစ်ရမယ်။
"လွန်ခဲ့တဲ့ တစ်နာရီက ...?"
ရဲသွေးနီက သူမ,ကို မေးခွန်းပြန်ထုတ်လာခဲ့သည်။
![](https://img.wattpad.com/cover/343195550-288-k157150.jpg)
YOU ARE READING
𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼
Romance"My favorite Song is ......" "NIGHT CHANGES" "Yes" "Baby, you know what?" " ? " "Even when the night changes, it will never change me and you" (( MC )) Jake Frenzo (သန့်သုတ) (( ML )) Frank Lucas (မင်းအမိန့်) Kayden Lucas (ကေဒင်ဇိုင်း) (( SC )) ရဲသွေ...