42. Reset

334 10 8
                                    

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ ပြည်နယ် တရားရုံး။

"အဖ 'ဝီလီယမ် လူးကပ်စ်' ...
အမိ 'ဘယ်လာ လူးကပ်စ်' ...
တို့၏ သားဖြစ်သူ 'ကေဒင် လူးကပ်စ်' သည်
ဆာခရာမန်တိုမြို့တွင် အခြေပြု ဖွင့်လှစ်ထားတဲ့ အရက်ဘားဆိုင်ကိုဗန်းပြကာ တရားမဝင် လုပ်ငန်းများလုပ်ကိုင်ကာ စီးပွါးရှာ,ရောင်းဝယ်ခြင်း။ တရားမဝင် မြေအောက်ဂိုဏ်းဖြစ်တဲ့ လင်းယုန်ငှက်ဂိုဏ်းနဲ့ ပေါင်းသင်းဆက်ဆံခြင်း။ မူးယစ်ဆေးပြင်း 'စီအို ခရစ်တစ်ကယ်' ကို သုံးစွဲထားခြင်း။ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှု၊ လူကုန်ကူးမှု၊ အစရှိသဖြင့် ပြည်သူလူထုရဲ့အကျိုးကို ထိခိုက်နစ်နာစေခြင်းတို့တွင် ကိုယ်တိုင်ကိုယ်ကျ တစ်ဖြစ်လဲ သွယ်ဝိုက်၍ ပတ်သက်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားများစွာ ပြည့်စုံခိုင်မာမှုကြောင့် တရားခံကို ထောင်ဒဏ် ဆယ်နှစ်ထိ ကျခံစေဖို့ အမိန့် ချမှတ်လိုက်သှ်"

'ဒူ ..... ဒူ ..... ဒူ .....'

တရားသူကြီးရဲ့ မိန့်ကြားသံ,ဆုံးတာနဲ့ တုံးခေါက်သံ သုံးချက်က မနှေးမမြန် ထွက်ပေါ်လာခဲ့သည်။ တရားခံဘက်မှ ရှေ့နေက ထိုအပြစ်ဒဏ်ကြောင့် ခြေကုန်လက်ပန်းကျသွားဟန်ဖြင့် ပရိတ်သတ်တွေရှိရာဆီသို့ မျက်စိရောက်သွားခဲ့သည်။ ထိုနေရာမှာ ဘယ်လာ လူးကပ်စ်က မေ့မြောတော့မတတ် အသည်းအသန် ငိုကြွေးနေခဲ့သည်။ နံဘေးမှာတော့ ဘယ်လာ၏အဖေဖြစ်သူက နှစ်သိမ့်ပေးနေခဲ့သည်။

ဤနိုင်ငံမှာ မကောင်းမှုအတွက် မျက်ကွယ်ရာဟူ၍ မရှိပေ။ အထူးသဖြင့် ယခုလို ဆာခရာမန်တိုမြို့တစ်ခွင် ဟိုးလေးတစ်ကျော်,ကျော် ဖြစ်သွားခဲ့တဲ့ ကေဒင်ဇိုင်းရဲ့ ပြစ်မှုမျိုးဆို ပို၍ အပြစ်ပေးတဲ့နေရာမှာ ပြင်းထန်လေသည်။

တရားလိုဘက်မှ ရှေ့နေဖြစ်သူနဲ့၊ ဆာခရာမန်တိုမြို့ရှိ ရဲစခန်းမှူးမှာ လက်ဆွဲနှုတ်ဆက်ကာ စကားဆိုနေကြသည်။ ရဲသွေးနီ၏ဖခင်ဖြစ်သူ စခန်းမှူးက တရားလိုရှေ့နေကို ကျေးဇူးတင်စကား ဆိုပြီးတာနဲ့၊ တရားခံ ထိုင်နေတဲ့ နေရာနားသို့ လျှောက်လာသည်။ အဲဒီနေရာမှာ ထူးဆန်းစွာပင် ငြိမ်သက်,တိတ်ဆိတ်နေခဲ့တဲ့ တရားခံ ကေဒင်ဇိုင်းက တည်ရှိနေခဲ့သည်။ သိပ်မကြာခင်ပင် ဤနေရာသို့ တရားခံကို ဖမ်းဆီးပြီး ထောင်ထဲ ပို့ဖို့ရန်၊ အကျဉ်းထောင်စောင့် ရဲများက ရောက်လာတော့မည်။ စခန်းမှူးက အကျဉ်းထောင်စောင့်ရဲများကို လက်ဖဝါးတစ်ချက်ကာပြလိုက်ကာ ကေဒင်ဇိုင်းရဲ့ရှေ့မှောက်သို့ သွားသည်။

𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓽𝓱𝓮 𝓝𝓲𝓰𝓱𝓽 𝓒𝓱𝓪𝓷𝓰𝓮𝓼Where stories live. Discover now