Arc 3.4

1K 82 2
                                    

Unicode

ကျေးမူ သူပေးတဲ့ တဘက်ကိုယူကာ သန့်စင်ခန်းသို့ ထွက်သွားတဲ့ကောင်လေးကို သက်ပြင်းလေးရှိုက်ကာ ကြည့်နေလိုက်သည်။ မော်ဂျူးနဲ့ ရွှန်းကတော့ ရန်ဖြစ်ကောင်းဆဲပင်။ ဇာတ်လိုက်မ သွဲ့ကတော့ မုန့်ဝယ်ရန်ထွက်သွားတာကြောင့် ဒီမှာဖြစ်နေနဲ့ ဘာပြဿနာမှ မသိသေးပေ။ ကျေးမူ မော်ဂျူးတို့ကို ဒီတိုင်းထားလိုက်ရင် မကြာခင်မှာပဲ ပါချုပ်ရဲ့အခေါ်တော်လွတ်စာနှင့်အတူ ရုံးခန်းရောက်တော့မှာမြင်ယောင်တာကြောင့် မော်ဂျူးကိုတားရတော့သည်။

" မော်ဂျူးရေ ငါဗိုက်ဆာနေပြီလေ သွဲ့ကလဲပြန်မရောက်သေးဘူး ငါ့ကိုအဆာလွန်ပြီးသေစေချင်နေတာလားပြော "

သူပြောလိုက်မှ ရန်ဖြစ်နေတာရပ်ကာ သူ့လက်ကိုဆွဲပြီး ကန်တင်းမှထွက်သွားတော့သည်။ ထို့နောက် သူတို့ထိုင်နေကြ သစ်ပင်အောက်တွင် သူ့(ကျေးမူ)ကိုထားခဲ့ကာ တစ်ဖန်ထွက်သွားပြန်သည်။ ခဏအကြာတော့ သွဲ့ကိုခေါ်ကာပြန်ရောက်လာသည်။ သွဲ့ကတော့ အူကြောင်ကြောင်နှင့်သာ မော်ဂျူးနောက်လိုက်ပါလာလေသည် တော်သေးသည်က သွဲ့ရဲ့လက်ထဲတွင် သူ့အတွက် မုန့်ပါလာလို့ပင် မဟုတ်ရင် သူငတ်တော့မှာ

' အတွဲတွေများ အယ်အတွဲ မော်ဂျူးနဲ့သွဲ့က အတွဲတွေလား '

[ .... ]

' ပိုင်ပိုင် '

[ ....]

သေလောက်အောင် အသက်ထွက်သည်အထိ အော်ခေါ်နေသော်လဲ ပိုင်ပိုင်ဆီမှဖြေသံမကြားတာကြောင့် ပိုင်ပိုင်ရှိမနေဘူးဆိုတာသိလိုက်သည်။

' မရှိဘူးပဲ မော်ဂျူးက သွဲ့ကိုတစ်ဖက်သတ်နေတာပဲ ဟီးဟီး တစ်ဖက်သတ်အချစ်နဲ့ အပြတ်ပြတ်နှာခေါင်းသွေးမထွက်ရအောင် ဟောဒီက ကျေးမူလေးက အောင်သွယ်ပေးရမှာပေါ့ '

[ host ဘာကိုအောင်သွယ်မှာလဲ ]

' ပြန်လာပြီလား ဘယ်သွားလိုက်တာလဲ ငါခေါ်နေတာတောင် မထူးဘူး '

[ host ပဲ ဗီလိန်ရဲ့အတွင်းရေးမှူးနေရာစုံစမ်းခိုင်းထားတာလေ ညကအကြောင်းမထူးလို့ အခုပြန်သွားစုံစမ်းတာ သတင်းထူးပါလာတယ် ]

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now