ဘယ်လောက်ထိ မှော်ပဉ္ဓလက်ဆန်လိုက်သလဲ ခနတာလေးမှ ကောင်လေးရဲ့ ကွယ်ရော်ရော်ရီသံလေး ၊ခပ်ရေးရေးပြုံးလိုက်တဲ့ အပြုံးလေး၊မှော်ဆန်လွန်းနဲ့ မျက်ဝန်းရဲ့အကြည်တွေကြောင့် တွေ့ဆုံခဲ့ရတဲ့ တစ်ညတာလုံး ဒီလူရင်အုံ အချစ်နဲ့အလွမ်း ဇာတ်လမ်းတစ်ချို့ ရုံတင်နေမီတယ်၊ကောင်လေးဟာ ဘယ်သူဘယ်ဝါ မသိပေမဲ့ ကျနော်ရဲ့ နှလုံးသားလေးကတော့ ကောင်လေးရှိရာလျှောက်လှမ်းနေမီတယ်၊
ကောင်လေးရဲ့ အပြုံး၊ရီသံ၊အကြည်တွေဟာပျောက်ကွယ်မသွားဘဲ ကျနော်ရင်ထဲ တိုးတိုးဝင်ရောက်နေသည်၊ကံကြမ္မာက ကျနော်ဘက်မှရှိနေခဲ့တယ်ထင်တယ် ။သွားနေကြ ကော်ဖီဆိုင်လေးကိုရောက်တော့ ကျနော်ထိုင်နေကြဝိုင်းလေးရဲ့အရှေ့ဝိုင်းမှ မျက်နှာချင်းဆိုင်ပုံစံမျိုးထိုင်ကာ
ဖုန်းပြောနေတဲ့ ကျနော်ကောင်လေး။တစ်ယောက်ယောက်ကိုစောင့်နေသလိုဘဲ ဆိုင်ထဲကနေ အပြင်ဘက်ကိုတစ်ချက်တစ်ချက် ခေါင်းလေးမော်ကာ ကြည်နေသည်။ခုံပေါ်တွင်လဲ ကော်ဖီခွက်လေးက စားပွဲထိုးလေး လာချပေးသည်အတိုင်းသာရှိနေသည်။
ကျနော်ကောင်လေးဘေးကနေဖြတ်ကာ ထိုင်နေကြဝိုင်းလေးမှာဝင်ထိုင်လိုက်သည်။စားပွဲထိုးလာချပေးသောကော်ဖီခွက်ကိုအသာလက်နဲ့ယူလိုက်သည်၊"အကိုသောက်နေကြကော်ဖီလေးပါ"
"ကျေးဇူးပါ ညီ"
စားပွဲထိုးကောင်လေးကခါးကိုကိုင်းပြီးအရိုသေပေးကာထွက်သွားသည်။ဖုန်းပြောနေတဲ့ကောင်လေးကို မျက်တောင်ခက်ဖို့မေ့နေတဲ့အထိ ကြည်နေမီတဲ့ကျနော်မှအပြစ်ရှိလားဗျ ၊ကောင်လေးရဲ့ လှုပ်သမျှက ကျနော်အတွက် ငေးမော မှင်သက်စရာလေးမို့ပါ။ဖုန်းပြောနေရင်း မျက်ခုံးလေးတွန့်ကာ နှုတ်ခမ်းလေးကလဲ သိသိသာသာ ဆူထွက်လာသည်။စိတ်ဆိုးနေတဲ့အမှုလေးပါဘဲ ဒါပေမဲ့ ကျနော်အတွက်တော့ အူးယားစရာလေးဗျ။ဒီအပြုလေးက ကောင်လေးကို ချစ်မီဖို့ ကျနော်ရဲ့ နှလုံးသားတံခါးလေးကို တအုန်းအုန်းထုရိုက်နေသည်၊ညှို့ယူနေတဲ့ ကောင်လေးနဲ့ ကျေကျေနပ်နပ်အညှို့ခံနေတဲ့ ကျနော်ရင်အုံထဲ အချစ်အိမ်မက်လေး အစအဆုံး ဖွဲ့နွဲ့နေမီတာ ကောင်လေးရဲ့ချစ်စရာအပြုံးလေးတွေပေါ့၊