"ဟိုဆော့ တကယ်တော့ ငါအဆင်မပြေဘူး"
"ငါသိတယ်ဂျီမင်းဒါကြောင့် မင်းမမိုက်ချင်စမ်းပါနဲ့"
"ငါ တကယ်အဆင်မပြေဘူး ဟိုဆော့ရာ"
ဂျီမင်းအသံတွေဟာ တုန်ရီလာတာမို့ ဟိုဆော့ကလဲ နှစ်သိမ့်သလို ဂျီမင်းရဲ့ကျောကုန်းလေးကိုပွတ်ပေးနေသည်
"ငါပင်းပန်းလာသလိုဘဲဟိုဆော့ရာ အက်လိုအပင်ပန်းလာတဲ့အချိန်တွေဆိူ ကောင်လေးကိုထွေးပွေ့ထားချင်တယ် ၊ကောင်လေးရှိရင်အဆင်ပြေပြီဆိုတဲ့အတွေးက ခဏခဏဖြစ်လာတယ် ငါအလုပ်မှနည်းနည်းပင်ပန်းနေလိုထင်တယ် "
"အလုပ်က ပင်ပန်းနေတာ မဟုတ်ဘဲ ချစ်ရတာပင်ပန်းနေတာမဟုတ်ဘူးလား ဂျီမင်း"
"ကောင်လေးရဲ့လက်ကလေးကိုဆုပ်ကိုင်ပြီး စကားတွေပြောချင်တယ် တစ်ခါတစ်လေ ငါကဆိုးလာသလိုဘဲ ကောင်လေးနဲ့ငါ ရဲ့ရင်းနှီးမှုက ဘာေတွလဲပေါ့ တစ်ခါတစ်လေ ကောင်လေးတွက် ငါကသိပ်အရေးပါသူဖြစ်တယ် တစ်ခါတစ်လေးကျတော့လဲ ခိုလုံရပေါ့ တစ်ခါတစ်လေကျတော့လဲ အရေးမပါသူဖြစ်သွားပြန်ရော ကောင်လေးအတွက်ငါက ဘာလဲဆိုပြီးတွေးမီလာတယ် ငါမှားတယ်မလား
ငါဒီလိုတွေ မတွေးသင့်ဘူးမဟုတ်လား ဟိုဆော့ "/"ဟုတ်တယ် မင်းသိပ်မှားတယ် အက်တာဟာ ပိုင်ရှင်ရှိသူကို ချစ်နေလိုဘဲ မင်းမေ့လိုက်သင့်ပြီ နောက်ပြီ လက်လွှတ်သင့်ပြီ"
ဟိုဆော့က ကျနော်ကို သေသေချာချာကြည်ကာ ပြောလာသည်၊ကျနော်စိတ်တိုမီတယ် ဘာကြောင့် ဒီစကားကိုဘဲ ထပ်ခါထပ်ခါပြောနေရတာလဲ၊ကျနော်မျက်နှာဟာ သိသိသာသာပျောင်းလဲ သွားတယ်
"ငါ ဒီလိုပြောလို မင်းစိတ်ဆိုးလဲ မတတ်နိုင်ဘူး မင်းကငါသူငယ်ချင်းမို့ ငါဘက်ကမဖြစ်သင့်တာမဖြစ်အောင် တားပိုင်ခွင့်အပြည်ြရှိတယ်"
"တောင်းပန်ပါတယ် ဟိုဆော့ရာ ငါတစ်လွဲတွေးမီသွားတယ်"
ဟိုဆော့ကပြုံးပြတယ် ၊ကျနော်လဲ လိုက်ပြုံးတယ် ဘာကြောင့်ပြုံးမီသွားလဲ မသိ၊ကျနော်ပြုံးနေခဲ့တာလားတောင်မသိတော့ပါ၊ကျနော်တကယ်ဘဲ ကောင်လကိုလိုအပ်လာပါတယ်၊ငေးကြည်ယုံဆိုပြီ ထိန်းချုပ်ခဲ့တဲ့စိတ်အစုံ ဖြေသိမ့်ခဲ့တဲ့စိတ်အစုံဟာ အခုတော့ မဖြစ်နိုင်တော့ဘူး၊ကျနော်တကယ်ဘဲကောင်လေးကို လိုအပ်ပါတယ်၊ဘယ်ကနေစချစ်မီလဲ မသိတော့ဘူး၊မချစ်တဲ့အချိန်ကိုပြန်သွားဖို့ဆိုတာလဲ ကျနော်မှ အရင်အချိန်တွေကိုမမှတ်မီတော့ဘူး၊ကျနော်ဘဝမှ ကောင်လေးဖြစ်တည်မြှလေးရှိလာတည်းက အရာအားလုံးပုံမှန်မဟုတ်တော့ပါဘူး။ ပျော်ရွှင်ခြင်းတွေ ဝမ်းနည်းခြင်းတွေ ရောထွေးနေတဲ အချိန်တွေဘဲရှိလာတော့တယ်၊ ကျနော်ကောင်လေး လိုအပ်နေပါပြီ အရင်ကထပ်ပိုနေခဲ့ပြီ၊