part _7

206 29 9
                                    

ကျနော်နဲ့ကောင်လေးရဲ့ရင်းနှီးမှုက သူငယ်ချင်းလိုလဲ ခေါင်းစဉ်တပ်လို့မရဘူး ညီအကိုလိုလဲ ခေါင်းစဉ်တပ်လိုမရဘူး ချစ်သူရည်းစားလို့လဲ ခေါင်းတပ်လို့မရပြန်ဘူး၊သူငယ်ချင်းလို့ နေတယ် ညီအကိုလို ထွေးပွေ့ပေးပြီနွေးထွေးလုံခြုံမှုပေးတယ် ချစ်သူရည်းစားလို့ ပျော်စရာတွေ ကြည်နူးစရာတွေ ရင်ခုန်မှုတွေပေးတယ်၊ကျနော်နဲ့ကောင်လေးရဲ့ ဆက်ဆံရေးကို ဘယ်လိုမျိုး‌တွေ ခေါင်းစဉ်တပ်ရမလဲလို့ ကျနော်မတွေးဖူးခဲ့ပါ၊ ဘယ်လို‌အနေထားမျိုးနဲ့ဘဲဖြစ်ဖြစ် ကောင်လေးအနားရှိခွင့်ရရင်ကို ကျနော်မှကျေနပ်နေမီတယ်

တစ်ပတ်တစ်ခါကောင်လေးအိမ်ကို သွားလည်ဖြစ်တာကြောင့် ကောင်လေးရဲ့အမေနဲ့လဲရင်နှီးမှုကိုရပြီး ကောင်လေးရဲ့ချစ်ရသူ တစ်နည်းအားဖြင့် ကောင်လေးကိုအကြိမ်ကြိမ်နာကျင်စေခဲ့သူဂျွန်ဂျောင်ဂုနဲ့လဲ ရင်းနှီးမှုကိုရခဲ့တယ်လေ၊ ကျနော်လေ အက်ဒီဂျောင်ဂုဆိုတဲ့ကောင်လေးကို သိပ်အားကျတာဘဲ မနာလိုလဲဖြစ်မီတယ် နောက်ပြီ မုန်းလဲမုန်းမီတယ်၊ ကျနော်ချစ်ရတဲ့ ကောင်လေးရဲ့အချစ်တွေကိုပိုင်ဆိုင်ထားရလို့ အားကျတယ် ၊ကောင်လေးရဲ့ဂရုစိုက်မှုတွေကိုရရှိနေလို မနာလိုဖြစ်တယ်၊နောက်ပြီ ကောင်လေးကို နာကျင်စေခိုင်းလို့ မုန်းတယ်၊ ကိုယ်နဲ့လဲရန်ငြိုးမရှိတဲ့ လူတစ်ယောက်အပေါ်ခံစားချက်မျိုးစုံနဲ့ နေရတာလဲ နည်းနည်းမှ အဆင်ပြေမနေဘူးရယ်

"ဆရာ "

လက်ထဲတွင် စာရွက်စာတန်းဖိုင်တစ်ခုကို ကိုင်ကာ သူအားပြုံးပြုံးကြီးကြည်‌ေနတဲ့ မန်နေဂျာဂွမ်ဆူကို ဂျီမင်း ကြည်လိုက်သည်၊

"ဪ ဂွမ်ဆူ"

"မနက်တည်းက ဆရာကပြုံးနေတာ အခုလဲ တစ်နေရာရာကိုငေးပြီပြုံးနေတာ အင်း....ပျော်စရာတွေများရှိနေလို့လား"

ဟုတ်ပါတယ် ဂွမ်ဆူသူကိုစကားလာမပြောတဲ့အချိန်ထိ သူမှအတွေးလွန်နေပြန်တာ၊အလုပ်ခွင်မှ အတွေးလွန်တာတို့ ငေးငိုင်နေတာတို့ တစ်ခါမှမရှိဘူးတဲ့ကျနော်က အခုအချိန်မှ သူတို့အတွက်အထူးဆန်ဖြစ်နေသည်၊ကျနော်က ကောင်လေးကြောင့် အားလုံးပြောင်းလဲနေခဲ့တာဘဲ၊

ဒုတိယလူ(Complete)Where stories live. Discover now