"ဟာ ဂျီမင်းရား ငါသူငယ်ချင်းကြီး ဒီနေ့ တက်ကြွနေပါ့လား"
ကောင်လေးကို လိုက်ပို့ပြီ ကျနော် ဟိုဆော့ဆီသွားခဲ့တယ် ၊ဒီနေ့ ကျနော်အလုပ် လုပ်နိုင်မည်မထင်၊အပျော်လွန်ပြီ ရင်တွေလဲ ခုန်နေမို့ ဟိုဆော့ဆီကိုသာ သွားပြီ စိတ်ဖြေရတော့မယ် မဟုတ်ရင် အလုပ်မှ ကျနော်ဟာ အလွဲအလွဲ အမှားအမှား ဖြစ်နေမှသေချာတယ်၊
"ဟုတ်လား"
ဟိုဆော့အမေးကို ကျနော်ပြုံးပြုံးလေးပြန်ဖြေမီသည်၊တကယ်ဘဲ ကျနော်ပုံစံက မျက်နှာပိုးမသတ်နိုင်တဲ့သူလို ပြုံးစီစီဖြစ်နေတာအမှန်၊ဒီနေ့မနက်ခင်းလေးမှဘဲ ကျနော်အတွက် အပျော်ရွှင်ဆုံး အချိန်ကို ခံစားလိုက်ရတယ်လေ၊ကောင်လေးက ကျနော်ဘဝထဲ ဝင်ရောက်လာပြီ ၊ ကျနော်ဘဝမှ ကောင်လေးကို လိုအပ်ခဲ့သည့်မို့ ကောင်လေးရောက်လာတဲ့အတွက် ကျနော်ဘဝက အရာရာပြီးပြည့်စုံသွားပြီ၊
"ငါကောင်ကြီးမှ ပျော်စရာတွေ ရှိတယ် ထင်တယ်"
"အေးကွာ "
ကျနော်ဟာ ကောင်လေးနဲ့အတူဖြတ်သန်းခဲ့တဲ့ ဒီမနက်ခင်းလေးဆီ အတွေးတွေရောက်သွားတော့ မဖုံးနိုင်မဖီနိုင် ပြုံးမီပြန်သည်၊
"မဟုတ်သေးပါကွာ မင်းဒီလောက်ပျော်နေပုံထောက်ရင်"
ဟိုဆော့က မေးလေးကိုလက်မနဲ့ပွတ်ရင်း စဉ်စားဟန်ပြုသည်
"ဧကန ဆော့ဂျင်"
ဟော် ကောင်လေးရဲ့နာမည်ကြားလိုက်ယုံနဲ့ ကျနော်က ထပ်ပြီ ပြုံးမီပြန်သည်
"သေချာနေပါပြီ ပြောစမ်းပါအုံး ငါကို"
ဟိုဆော့မေးတော့ ကျနော် သက်ပြင်းခပ်ကျယ်ကျယ်လေးချပြီ စကားစလိုက်တယ်
"ညက ကောင်လေးငါဆီရောက်လာတယ် ဟိုဆော့"
"အွန်း ဘာဆက်ဖြစ်လဲ"
ဟိုဆော့က စိတ်ဝင်တစားမေးလာသည်
"အင်း ကောင်လေးက သူချစ်သူနဲ့ လမ်းခွဲလိုက်ပြီတဲ့လေ"
"အက်တော့ မင်းက ခိုလုံဖိုရင်ခွင်ကြီးပေးလိုက်တယ်ပေါ့"
ကျနော်က ဟုတ်ကြောင်း ခေါင်းညိတ်ပြလိုက်သည် ၊ဟိုဆော့က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်