"စားပြီးရင် ဘယ်သွားချင်လဲ""အကိုက အချိန်ရသေးလို့လား"
"ကောင်လေးအတွက်ဆို အကိုက အမြဲအချိန်ပေးနိုင်တယ်"
နွေးထွေးရပါတယ် အကိုစကားတွေဟာ၊ အသေးဖွဲ့လေးကအစဂရုစိုက်တယ်၊ ဆိုင်အတူထိုင်တဲ့အခါတွေမှဆိုလဲ သူထိုင်ဖို့ ခုံလေးရွေ့ပေးတာကအစ အစားအသောက်တွေကို အကို ကိုယ်တိုင် မှာပေး ထည့်ပေး သည်၊စားမယ့် ဇွန်းခရင်းလေးတွေကအစ သန့်ရှင်းအောင် ရေနွေးပူလေးစိမ်ကာ tissue စလေးနဲ့သုတ်ပေးပြီမှ အသုံးပြုစေတဲ့အကို၊" ကောင်လေးကျန်မားရေးကောင်းဖို့ကဦးစားပေးပါတဲ့လေ "ဘာလုပ်လုပ်သေသပ်လွန်းတဲ့အကိုဟာ ညီမျက်လုံးထဲမှ တကယ်ကိုသဘောကျစေခဲ့သည်၊ မဖြစ်နိုင်တဲ့ ခံစားချက်တွေကို ထိန်းချုပ်နေပေမဲ့လဲ အက်ုရဲ့ဂရုစိုက်ခံရမှုအောက်မှ ပြီးတော့ အကိုရဲ့ ခပ်တွေတွေ အကြည်တွေအောက်မှ တင်းထားတဲ့စိတ်အစုံကအရှုံးပေးလိုက်ရတယ်၊
"အကို ရုံးခန်းကိုလိုက်လို့ရမလား"
"အင်းရတာပေါ့"
"အကိုရုံးခန်းကိုဘဲ လိုက်ခဲ့တော့မယ်လေ"
"ဒါဆို သွားရအောင်"
အကိုဟာ သူဖြစ်ချင်တာကို တစ်ခါမှငြင်းဆန်ခြင်းမပြုခဲ့ပါ၊အမြဲလိုလို လိုက်လျော့ပေးသည်၊စားသောက်ပြီး ဆော့ဂျင်လဲ ဂျီမင်းနဲ့အတူလိုက်သွားသည်၊ အကိုရုံးခန်းကိုရောက်တော့ နေသာသလိုနေဖို့ပြောပြီ အကိုက အလုပ်လုပ်သည့်ခုံတွင် ထိုင်ပြီးသူကိုခေါ်လိုက်တာကြောင့် ဆော့ဂျင်လဲ ထူးလိုက်သည်၊
"ကောင်လေး"
"ဟုတ် အကို"
"ကောင်လေး tulip ပန်းတွေကြိုက်လား"
"ကြိုက်တယ် ဘာလိုလဲအကို"
ဆော့ဂျင်လဲ သိချင်စိတ်ကြောင့် ဂျီမင်းကိုပြန်မေးလိုက်သည်၊ထိုချိန်ရုံးခန်းထဲသို့ဝင်လာတဲ့ အကိုရဲ့မန်နေဂျာဂွမ်ဆူကြောင့် စကားပြတ်သွားသည်၊ဆော့ဂျင် တစ်ခါတစ်လေ ဂျီမင်းရုံးခန်းကိုလိုက်လာတာကြောင့် ဂျီမင်းရဲ့မန်နေဂျာဂွမ်ဆူနဲ့လဲ ရင်းနှီးသွားသည့်ကြောင့် စကားပြောရင်လဲ လွတ်လွတ်လပ်လပ်ဘဲပြောကြသည်၊