part -9

182 27 3
                                    

"ဂွမ်ဆူ"

"ဟုတ်ကဲ့ဆရာ"

"ကောင်လေးရော့"

"ဆရာရုံးခန်းထဲမှ စောင့်နေတယ်"

ကောင်လေးက နေ့လည်လောက်က ကျနော်ဆီရောက်လာတယ်လေ project အသစ်တစ်ခုအတွက် လုပ်ငန်းရှင်တို့အစည်းအဝေးကို တက်နေရတာကြောင့် ကောင်လေးကို အချိန်မပေးနိုင်ဘူးဖြစ်နေတယ်၊ ကျနော်သိပ်ဝမ်းနည်းတာဘဲ ကောင်လေးကို ကျနော်အတွက်ပထမဆုံးတွေဘဲ ပေးချင်တာ ကျနော်ရွေးချယ်မှုတွေမှရော ကောင်လေးကိုဘဲ ဦးစားပေးချင်တယ်၊အက်တာဟာ ကျနော်ရဲ့ရည်ရွယ်ချက်ဖြစ်သလို ကျနော်ချစ်ရတဲ့ကောင်လးရဲ့ ဖြစ်ချင်တဲ့ဆန္ဒလေးဆိုလဲ မမှားဘူး၊ကောင်လေးရဲ့ ဆန္ဒဆိုပေမဲ့ ကျနော်ဆီကလိုချင်နေတဲ့ ဆန္ဒလေးတော့ ဟုတ်မနေဘူးလေ၊ဘာဘဲ ဖြစ်ဖြစ်ပါ ကောင်လေးကို ဘယ်လောက်ထိတန်ဖိုးထားချစ်သလဲဆိုတာ လုပ်ရက်နဲ့ရော ခံစားချက်ပါ သက်သေပြချင်တယ်၊ကောင်လေးကို ချစ်တယ်လိုဖွင့်ပြောခဲ့တယ် ဒါပေမဲ့ကောင်လေးဆီကအချစ်ကိုတော့ကျနော်အတင်းမတောင်းဆိုခဲ့ပါဘူး ၊ ကျနော်ကိုပြန်မချစ်ပေမဲ့ ကျနော်ချစ်တာကို လက်ခံပေးတာနဲ့တင် ကျနော်ကျေနပ်နေပါပြီ၊

ကျနော်ကောင်လေး ဒီရက်ပိုင်း အများကြီးစိတ်ညစ်နေသလိုဘဲ လဝန်းလေးလိုကြည်လင်တဲ့ကျနော်ကောင်လေးရဲ့ မျက်နှာလေးဟာ အခုရက်ပိုင်းတွေမှ အမြဲလိုလို ညှိုးငယ်နေတယ်လေ၊ကောင်လးရဲ့မျက်နှာလေးအနည်းငယ် ညှိုးနွမ်းနေရင် ကျနော်ရင်တွေမွန်းကြပ်တယ်‌၊ ကျနော်သိပ်ချစ်ရတဲ့ကောင်လေးက တစ်ခြားသူကိုသိပ်ချစ်နေတယ် ဆိုတဲ့စိတ်နဲ့တင် ကျနော် အကြိမ်ကြိမ်သေရတယ်၊

ရုံးခန်းထဲမှစောင့်နေတဲ့ကောင်လေးဆီကို ကျနော်ဟာ မပြေးယုံတမယ် ခြေလှမ်းကျဲကျဲကြီးတွေနဲ့ အမြန်ဆုံးရောက်အောင် သွားနေမီတယ်၊ နောက်ကနေလိုက်ပါလာတဲ့ ဂွမ်ဆူစိတ်ထဲ ကျနော်ကို ဘယ်လိုမြင်နေမလဲ ကျနော်ဂရုမစိုက်မီပါ၊အဖြစ်သည်းလိုက်တာလို ဆိုသလား ၊ ကောင်လေးက ကျနော်အတွက် တသိမ့်သိမ့်ချစ်ရသူမို့ အဖြစ်သည်းမီတာပါ၊
အက်တာကြောင့် ကောင်လးကို တွေ့ချင်တဲ့စိတ်တွေဟာ ကျနော်ရဲ့ခြေလှမ်းတွေကိုမြန်စေနေတာဘဲလေ၊ ကျနော်ဘာတတ်နိုင်မလဲ ကောင်လေးကို မျက်ရည်ကျလောက်တဲ့အထိ ချစ်နေမီတာကို၊

ဒုတိယလူ(Complete)Where stories live. Discover now