အရင်က ကောင်လေးတစ်ယောက်တည်းကိုသာ ငေးကြည်နေခဲ့တဲ့ ကျနော်က အခုဆိုကောင်လေးရော ကောင်လေးသိပ်ချစ်ရတဲ့သူကိုပါ အဝေးကနေ ကျနော်ငေးကြည်နေရပြီလေ၊ဟိုဆော့တို့နဲ့ နေ့လည်စာ စားဖို့ကောင်လေးနဲ့အတူစားနေကြဆိုင်လေးကို လာတော့
ဆိုင်ထဲအဝင် ကောင်လေးဆီက မောင်လိုခေါ်သောအသံကြောင့် ကျနော်ရဲ့ခြေလှမ်းတွေဟာရပ်တန့်သွားသည်၊ကောင်လေးရဲ့မောင်လိုအခေါ်ခံရသူက ဆိုင်ထဲတွင် ကောင်မလေးတစ်ယောက်နဲ့ပြုံးကာ စကားပေုာနေသော ဂျောင်ဂုပင်ဖြစ်သည်၊မောင်တဲ့လား ကောင်လေးက သူကိုသိပ်ချစ်မယ်ပုံဘဲနော်၊အရင်ကတော့ကျနော်ဘေးမှ ကောင်လေးအမြဲထိုင်နေခဲ့တာ အခုတော့ ဟိုဆော့က ကျနော်ဘေးမှာထိုင်နေသည်၊ကျနော်ကောင်လေးကတော့ ကျနော်ရဲ့ရှေ့ကခုံမှဖြစါသလို တစ်နည်းအားဖြင့် ကောင်လေးရဲ့ချစ်သူဂျောင်ဂုဆိုတဲ့သူနားမှ ထိုင်နေသည်၊မျက်နှာဆိုင်အနေထားလေးမို့ စက္ကန့်မလျှပ်ငေးကြည်နေမီသည်၊ထိုမြင်ကွင်းက သိပ်ရင်နာဖို့ကောင်းမှန်းမသိခဲ့ဘူး၊ကျနော်ကိုမသိမသာ ကြည်နေတဲ့ကောင်လေးက အားနာပုံရသည်၊ငေးနေရလျှင်ပင် ကျေနပ်နေပါပြီ ကောင်လေးရယ်၊ ကျနော်နဲ့ သူချစ်သူကြား ကောင်လေးအနေရခက်စေတော့မှဘဲ ၊ကျနော်ထပြီးထွက်သွားသင့်သလား ဝေခွဲမရဖြစ်နေသည်၊ပိုင်ရှင်ရှိတဲ့သူကိုမှ ချစ်နေမီတဲ့ကျနော်အဖြစ်ဟာ ပူပြင်းလွန်းတဲ့ ငရဲမီးရဲ့ဒဏ်ကိုဘာအလွှာမှမခြားဘဲ မီးမြိုက်ခံနေရသလို ရင်ထဲပူပြင်းလွန်းတယ်၊
"အဆင်ပြေရဲ့လား ဂျီမင်း"
ဟိုဆော့က ကျနော်နားကပ်ကာသနားသလိုမေးလာသည်၊ငါအဆင်မပြေဘူး ဟိုဆော့ရာ ဖြေရမလား ငါအဆင်ပြေပါတယ်လိုဖြေရမလား၊ကောင်လေးက ကျနော်ကို မသိမသာလေးကြည်ပြန်သည်၊ကောင်လေးစိတ်မရှုပ်စေဖို့ ကျနော်ပြုံးပြလိုက်သည်၊မုသားအပြုံးလေးဟာ ကောင်လေးအတွက်အဆင်ပြေမှပါ
"ဒါနဲ့ ဒီကအကို တို့က သဲငယ်နဲ့ဘယ်မှာဆုံကြတာလဲ"
ကျနော်ကိုကြည်ကာမေးလာတဲ့ဂျောင်ဂုဆိုတဲ့ကောင်လေးရဲ့ အမေးကို ကျနော်မဖြေဘဲတိတ်ဆိတ်နေသည်၊သူတော့ တစ်မျိုးမြင်သွားမလားမသိ၊မျက်နှာတော့အနည်းငယ်ပျက်သွားသည်ကို ကျနော်တွေ့လိုက်၊မဖော်ရွေတာလား လူမှုရေးညံဖျန်းတာလား ကြိုက်သလိုထင်ပါစေ၊ ကျနော်ချစါရတဲ့ကောင်လေးကို တစ်နေ့တစ်မျိုးနည်းမျိုးစုံနဲ့စိတ်ညစ်စေသူမို့ ကျနော်ဘက်က နည်းနည်းမှာ မကြည်ဖြူမီဘူး၊ကျနော်ဟာ လူကြီးလူကောင်းဆန်စွာနေထိုင်သူပါ အခုလို တစ်ခြားသူကိုမလိုမုန်းထားပြုတဲ့ပုံစံက ကျနော်ရဲ့ပုံစံဟုတ်မနေပါ၊ဒါဆို ပိုင်ရှင်ရှိတာသိရဲ့နဲ့ရူးရူးမှုးမှုးစွဲလမ်းချစ်နေမီတာကလဲ ကျနော်ပုံစံမှဟုတ်ပါရဲ့လား