"ကိုကို ကလဲ ဆိုးလိုက်တာ ဟိုမှ ရှိနေတာကို"
ခပ်ချွဲချွဲအသံနဲ့ အတင်းနမ်းနေတဲ့ ဂျောင်ဂုကိုတားသည်၊ထိုကောင်မလေးသည် သူကိုကြည်သည် ပြီးကာ လှောင်ပြုံး ပြုံးပြီ ဂျောင်ဂုရဲ့လည်တိုင်တွေကို သူမရဲ့သွယ်လျာသော လက်ချောင်းလေးများဖြင့်ပွတ်သပ်နေသည်၊ လက်တစ်ဖက်ကလဲ ဂျောင်ဂုရဲ့ အကျီကော်လံစကို ဆွဲထားက ဂျောင်ဂုရင်ခွင်ထဲ ဝင်နေသလိုမှီပြုထားသည်၊ ထိုကောင်မလေးရဲ့ စကားကြောင့် ဂျောင်ဂုက သူကိုတစ်ချက်ကြည်သည်မို့
ဆော့ဂျင် မုသာအပြုံးကို သူမျက်နှာထပ်မှတပ်ဆင်ပြီး ဂျောင်ဂုကိုပြုံးပြလိုက်သည်၊ဂျောင်ဂုကတော့ မျက်ခုံးနှစ်ဖက်ကိုတွန့်ချိုးကာအလိုမကျသလိုကြည်ပြီ ပြန်လှည့်သွားကာ ခုနကအခြေနေကိုပြန်တည်ဆောက်နေသည်၊ရင်ထဲမွန်းကြပ်လွန်းသည် သူမြင်နေရတဲ့မြင်ကွင်းဟာ မီးတောက်ကြီးကိုရင်ဝယ်ပိုက်ထားရသလို ပူပြင်းလွန်းတယ်၊ မောင်တိုနမ်းနေတာကို တမင်သက်သက်ကြည်နေခိုင်းနေတာလား မောင် ၊မောင်တစ်ခြားသူနဲ့အခုလိုနေဖို့မပြောပါနဲ့ မောင်အနား တစ်ခြားမိန်းကလေးရှိနေရင်ကို သဲငယ် မကြိုက်ဘူး၊သဲငယ် အကြောင်းသိရဲ့မောင်လုပ်ရက်လိုက်တာ၊မောင်ဟာ သိပ်ရက်စက်တယ်၊"မောင် toilet ခဏသွားလိုက်အုံးမယ်"
နည်းနည်းလေးမှ သူကိုအဖက်အလုပ်တဲ့ ဂျောင်ဂုရဲ့အဖြေကြောင့် ဖြေသိမ့်ပြုံး ပြုံးမီပြန်တယ်၊သူကအပိုတွေ လုပ်ပြီ ပြောနေမီတာကို၊သူဘာလုပ်လုပ် ဘာဖြစ်ဖြစ် မောင်က နည်းနည်းမှ စိတ်မဝင်စားတာကို မေ့နေခဲ့တာ၊ မောင် ကသူကလွဲပြီ တစ်ခြားသူတွေဆို ဂရုစိုက်ရကောင်းမှန်းသိတယ် အချိန်ပေးရကောင်းမှန်းလဲ သိတယ်၊ကြင်နာရကောင်းမှန်းလဲသိတယ်၊ မောင် မကြင်နာ ဂရုမစိုက်ချင်တာ သူဘဲ ရှိတယ်၊အဓီက ကသူဖြစ်နေလို့ကို မောင်က ဂရုမစိုက်တာ၊မောင်ကို မဖြတ်နိုင်ဘဲသိလို မလွန်ဆန်နိုင်မှန်းသိလို အနိုင်ယူတဲ့သဘောလား မောင်၊
တုန့်ပြန်မှုမရှိတဲ့အသိပေးခြင်းမျိုးအပြီ ဆော့ဂျင် toilet ကိုသာ ခြေလှမ်းခပ်မြန်မြနါဖြင့်သွားနေမီသည်၊သူခြေလှမ်းတွေဟာ လိုသလောက် ခရီးရောက်မနေတာကြောင့် ပိုပင်ပန်းရတယ်၊မောင်တို့ရှေ့မှ မပြိုလဲချင်ဘူး၊ သွေးကြောတွေသေနေသလို မလှုပ်မရပ်ဖြစ်နေတဲ့ခြေထောက်တွေကို နားကျည်စိတ်တွေနဲ့အမြန်လျှောက်စေဖို့ ဖီအားပေးနေမီတယ်၊ ပါးပြင်ကနေ အောက်သို့ စီးဆင်းသွားတဲ့မျက်ရည်တွေဟာ သူအဖြစ်ကို လှောင်ရီနေသလို၊ဆော့ဂျင်တစ်ယောက် toilet ထဲတွင် အံကြိတ်ကာ ငိုနေမီတယ်၊ နာကျင်မှုတွေက ရင်ထဲ တစို့ကြီး ပြည့်ကြပ်နေသည်၊ရင်ဘတ်တွေအောင့်ကာ အသက်ရှုတွေကြပ်လာတဲ့အထိ ငိုနေမီသည်၊ သဲငယ် ဘယ်လိုနေပေးမှ မောင် ရဲ့အချစ်ကိုပိုင်ဆိုင်ရမှလဲ၊မောင် ဟာ သိပ် ရက်စက်တာဘဲ၊