1

119 8 0
                                    

လွန်ခဲ့သော အနှစ်နှစ်ဆယ်

" ရား ကင်မ်ဒိုယောင်း မင်းဒီလိုပဲလုပ်နေတော့မှာလား "

" ဘာကိုလဲ "

" ငါနဲ့အတူတူရုပ်ရှင်သွားကြည့်မယ်လို့ကတိပေးထားတာကို ဆက်တိုက် စာပဲလုပ်နေတယ်မလား "

" ငါ စာလုပ်ပြီးမှလို့ကျိန်းသေပေါက်ပြောခဲ့တယ် "

" အာ ကင်မ်ဒိုအီကျေးဇူးပြုပြီး.... "

" အီထယ်ယုံး တိုးတိုးနေစမ်း ငါစာလုပ်နေတယ် "

" တကယ် မကောင်းတဲ့ကောင်ပဲ မင်းက
နေတော့ ငါ့ဘာသာ ယောင်းဟိုနဲ့ပဲသွားတော့မယ် "

ဆူဆောင့်ပြီးထွက်သွားတဲ့ ထယ်ယုံးကိုကြည့်ပြီး ဒို‌ယောင်းသက်ပြင်းချမိသည်။
ဒိုယောင်းနဲ့ထယ်ယုံးက အထက်တန်းပထမနှစ်မှာစခင်ခဲ့ကြတာဖြစ်ပြီး
အခု အထက်တန်းနောက်ဆုံးနှစ်ရောက်လာသည်အထိပင်။

အထက်တန်းပထမနှစ်

ဒို‌ယောင်းကျောင်းမပြောင်းလာခင်ကတည်းက ထယ်ယုံးကကျောင်းရဲ့အတော်ဆုံးကျောင်းသားဖြစ်ခဲ့ပြီး
ဒို‌ယောင်းပြောင်းလာပြီးတော့လည်း အတော်ဆုံးကျောင်းသားဖြစ်နေဆဲပင်။
မိဘရဲ့ဖိအားကြောင့်ရော ကိုယ်ပိုင်အသိစိတ်ကြောင့်ရော ဒိုယောင်းကစာသိပ်ကြိုးစားသည့်ကောင်လေးဖြစ်သည်။
ထယ်ယုံးကတော့ စာထက်အပျော်အပါးမက်သည့်ဘက်ကိုသာသည့်သူဖြစ်သည်။
အမြဲ ဆော့ကစားနေတတ်သော်လည်း စာမေးပွဲဖြေတိုင်း အဆင့်၁မှဆင်းသွားခြင်းမရှိခဲ့။
ဒိုယောင်းကတော့ အဆင့်၂နေရာမှာလတိုင်းရှိခဲ့သည်။
ဒိုယောင်းဘယ်လောက်ကြိုးစားကြိုးစား အီထယ်ယုံးဆိုသည့်တောင်ကြီးကို‌မကျော်ဖြတ်နိုင်ခဲ့။
အဲ့နေ့မတိုင်ခင်အထိပေါ့

ရီပို့ကဒ်ရတဲ့နေ့မို့ ဒိုယောင်းအိမ်ထဲဝင်ဖို့ရာ မဝံ့မရဲဖြစ်နေမိသည်။
အကြောင်းမှာ အရင်လကအတိုင်း အဆင့်၂ဖြစ်နေခဲ့သည်မို့။
ပြီးခဲ့တဲ့လက အဆင့်၂ရလို့ သူ့ဖခင်ထံကသတိအပေးခံခဲ့ရပြီးပြီမို့ ဒီလအဆင့်၂ရတာသိသွားရင် အပြစ်ပေးခံရမှာအသေအချာပင်။
သက်ပြင်းချလိုက် ခြံဝသို့လှမ်းကြည့်မိလိုက်ဖြင့်လုပ်နေမိတာ အချိန်အတော်ကြာပင်။
အချိန်အကြာကြီးရပ်နေပြီးမှ သတ္တိမွေးကာ အိမ်ထဲသို့ဝင်ခဲ့လိုက်သည်။
အိမ်ထဲရောက်တော့ သတင်းကြိုကြားထားဟန်တူတဲ့ အဖေကမျက်နှာတည်တည်တင်းတင်းနဲ့ ဧည့်ခန်းထဲမှာထိုင်နေလေသည်။

Goodbye My First Love Where stories live. Discover now