5

80 7 3
                                    

နေ့တိုင်းကျောင်းမသွားဘဲ သူ့အိမ်ခန်းထဲမှာလာစတည်းချနေတဲ့ထယ်ယုံးကြောင့် ဒိုယောင်းနေ့တိုင်းခေါင်းကိုက်နေရသည်။ ဒေါက်တာကင်မ်ရဲ့သားဆိုတဲ့ရပ်တည်ချက်နဲ့ ဖေဖေဆီကကြည်ဖြူမှုတို့ရထားသူမို့ ဒိုယောင်းနှင်ထုတ်လည်းမပြန်ဘဲ မျက်နှာပြောင်တိုက်စွာ ဒိုယောင်းဆီကိုနေ့တိုင်းလာလို့နေသည်။
အိမ်မှာ အဒေါ်ကြီးကပါ ဒိုယောင်းတို့အိမ်ကလူအီထယ်ယုံးဘက်တော်သားဖြစ်နေပြီမို့ ဒိုယောင်းမှာ တတ်နိုင်သလောက်လျစ်လျှူရှုထားဖို့သာတတ်နိုင်သည်။
ဒါတောင် ဒင်းကမထိတထိလာလာကလိတာမို့ ဒိုယောင်းမှာကိုယ့်အိမ်ထဲကိုယ်နေရင်း နေရခက်နေရရှာသည်။
အခုလည်းကြည့် ဒိုယောင်းအိပ်ရာပေါ်မှာအိပ်ပျော်နေတာ
သူ့အိမ်သူ့ရာသူ့ကုတင်ပေါ်မှာအိပ်နေသည့်အတိုင်း။

အိပ်ပျော်နေတဲ့ထယ်ယုံးရဲ့မျက်နှာကိုစေ့စေ့ကြည့်ရင်း ဒိုယောင်းသက်ပြင်းချမိသည်။

‘ ကျေးဇူးပြုပြီး ငါ့ကိုရူးမိုက်မိအောင်မလုပ်ပါနဲ့လား ”

ထယ်ယုံးအိပ်ရာကနိုးလာတော့ ဒိုယောင်းကစာကြည့်စားပွဲမှာမရှိတော့။
နာရီကိုလှမ်းကြည့်မိတော့ ၁၁နာရီတောင်ကျော်သွားပြီမို့ ထယ်ယုံးကိုယ့်ကိုယ်ကိုအံ့ဩရသည်။
ပုံမှန်ဆို ထယ်ယုံးကအိပ်ရာပြောင်းသွားရင် တစ်ပတ်လောက်ကြာတဲ့အထိအိပ်ပျော်တတ်သူမဟုတ်။
ဒိုယောင်းကိုယ်သင်းနဲ့စွဲ‌နေတဲ့အိပ်ရာပေါ်မှာမို့လို့သာ အခုလိုသက်တောင့်သက်သာအိပ်စက်နိုင်တာဖြစ်သည်။
ဒိုယောင်းအောက်ထပ်မှာရှိမလားဆိုပြီးဆင်းလာတော့ လှေကားတည့်တည့်က မီးဖိုခန်းထဲမှာတစ်ခုခုချက်နေပုံရတဲ့ဒိုယောင်းပုံရိပ်ကြောင့် ထယ်ယုံးသဘောတကျပြုံးလိုက်မိသည်။
ဒီနေ့အဒေါ်ကြီးမလာတာ‌မို့ ထယ်ယုံးရဲ့ယုန်ကလေးက ကိုယ်တိုင်ချက်စားဖို့ကြိုးစားနေတာဖြစ်နိုင်သည်။

“ ဘာလုပ်နေတာလဲ ”

ကြက်သွန်လှီးနေတာကိုအာရုံစိုက်နေတုန်း ဘယ်အချိန်ကတည်းကရောက်နေမှန်းမသိတဲ့အီထယ်ယုံးအသံကြောင့် ဓားသွားကကြက်သွန်နီအစား ဒိုယောင်းလက်ညှိုးပေါ်ရောက်သွားရသည်။

Goodbye My First Love Where stories live. Discover now