ဒိုယောင်း ပရော်ဖက်ဆာနဲ့ပိုရင်းနှီးအောင် ဘယ်လိုလုပ်ရမလဲဆိုတာထိုင်စဉ်းစားနေတုန်း ယယ်ဒမ်ဟျောင်းရောက်လာတာကြောင့် အတွေးစပြတ်သွားရသည်။
“ ဘာတွေစဉ်းစားနေတာလဲ ဒိုဘီလေး ”
ဒိုယောင်းရဲ့ဆံပင်အုပ်အုပ်လေးတွေကို ဖွပစ်ဖို့ကြံနေတဲ့ ယယ်ဒမ်ဟျောင်းရဲ့လက်ကိုဒိုယောင်းအလျင်အမြန်ရှောင်တိမ်းလိုက်ရသည်။
မရှောင်လိုက်နိုင်ရင် ဒိုယောင်းသေချာပုံသွင်းထားတဲ့ဆံပင်က ငှက်သိုက်ဖြစ်သွားတော့မှာပင်။“ ဟျောင်း မင်းအတန်းမရှိဘူးလား ”
“ ရှိတယ် ဒါပေမယ့် မင်းထိုင်နေတာတွေ့လို့ဖျက်လိုက်ပြီ ”
သူ့ဘာသာအတန်းလစ်လာတာကို ဒိုယောင်းကြောင့်လို့ခေါင်းစဉ်တပ်လိုက်တာ ယယ်ဒမ်ဟျောင်းကို ဒိုယောင်းမျက်နှာကိုမဲ့ပြလိုက်မိသည်။
ဟျောင်းအကြောင်းကိုကျွန်တော်မသိတာကျလို့ဆိုတဲ့သဘော။ဒိုယောင်းရဲ့မျက်နှာပေးကြောင့် ယယ်ဒမ်အသံထွက်သည်အထိ ရယ်မောလိုက်မိသည်။ ကာယကံရှင်ကသိရဲ့လားမသိပေမယ့် ဒိုယောင်းက တကယ်ချစ်မွှေးလေးပင်။
ဘယ်လိုနေနေချစ်ဖို့ကောင်းလွန်းလို့ သူ့မှာအိပ်ကပ်ထဲထည့်ပြီး သွားလေရာခေါ်သွားချင်မိသည်အထိ။“ ဟျောင်း ကျွန်တော့ကိုကူညီပေး ”
ထူးထူးဆန်းဆန်းအကူအညီတောင်းလာတဲ့ဒိုယောင်းကြောင့် ယယ်ဒမ့်မှာ အံ့ဩသွားရသည်။ ဒိုယောင်းကသူ့ကိုအကူအညီတောင်းတာမျိုးက သိပ်ရှားသည်ကိုး။
“ ဘာလို့လဲ ဒိုဘီ ”
“ လူတစ်ယောက်နဲ့ရင်းနှီးချင်လို့ ”
.
.
.
အခုတလော ဒိုယောင်းတစ်ယောက် ပရော်ဖက်ဆာကင်မ်အနားမှာတဝဲလည်လည်လုပ်နေတာကို ယယ်ဒမ်မြင်နေရသည်။
ဘယ်လိုပဲ အန်ကယ်ထယ်ယုံးတို့နဲ့မတိမ်းမယိမ်းလို့ဆိုဆို ပရော်ဖက်ဆာကင်မ်က အတော်လေးရုပ်နုတာမို့ ယယ်ဒမ်တို့နဲ့အသက်သိပ်မကွာသလိုထင်ရသည်။
အသက်ငယ်ငယ်နဲ့ပရော်ဖက်ဆာဖြစ်လာသည့်အပြင် ရုပ်ရည်ကလည်းရှိတာမို့ ပရော်ဖက်ဆာကင်မ်က ယယ်ဒမ်တို့ကျောင်းက မိန်းကလေးတွေရော ယောက်ျားလေးတွေရောကြားထဲမှာ နာမည်ကြီးပင်။
ဒါပေမယ့် အားလုံးကိုလိုတာထက်ပိုမရောတာကြောင့် ရေခဲမင်းသားဆရာလို့ အချို့ကောင်မလေးတွေပြောတာကို ယယ်ဒမ်ကြားဖူးသည်။
ဒီလိုဆရာက ဒိုယောင်းကိုမှ အရေးပေးဆက်ဆံနေတော့ ယယ်ဒမ်စိတ်ထဲတမျိုးတမည်ခံစားရသည်။
တစ်ခုခု မှားယွင်းတော့မလိုခံစားချက်မျိုးပင်။
YOU ARE READING
Goodbye My First Love
Fanfictionမင်းနဲ့ထပ်တွေ့မယ့်အချိန်ကျရင် အမှတ်တရတွေကိုပြန်အမှတ်ရရင်းနဲ့ မင်းအနားမှာပြုံးရယ်နေချင်တယ် _Goodbye My First Love by EPEX_