4

88 9 7
                                    

ဒိုယောင်းအိမ်ပြန်ရောက်တဲ့အထိ စိတ်နဲ့လူနဲ့မကပ်နိုင်သေး။
ထယ်ယုံးပြောတဲ့ ‘ မင်းကိုသဘောကျတာမို့လို့ ’ ဆိုတဲ့စကားကိုသာ အထပ်ထပ်ကြားယောင်နေရင်း အယောင်ယောင်အမှားမှားဖြစ်နေမိသည်။

“ သခင်လေးနေမကောင်းဘူးလား ”

မူမမှန်တဲ့သူ့ပုံစံကိုကြည့်ရင်းမေးလာတဲ့ အဒေါ်ကြီးကို ဒိုယောင်းယောင်တောင်တောင်နဲ့ခေါင်းငြိမ့်ပြလိုက်သည်။
နားထဲကြားနေတဲ့အသံတစ်ခုနဲ့ ပုံမှန်ထက်ပိုခုန်နေတဲ့ နှလုံးခုန်သံကြောင့် သူနေမကောင်းဖြစ်နေတာ သေချာသလောက်ပင်။

“ အဆင်ပြေရဲ့လား ကျွန်မ ဆရာဝန်ကြီးကိုခေါ်လိုက်ရမလား ”

အဒေါ်ကြီးစကားကြောင့် ဒိုယောင်းရင်ထဲထိတ်ခနဲဖြစ်သွားရသည်။
သူတို့ဆရာဝန်က အီထယ်ယုံးအဖေမဟုတ်ပါလား။

“ မဟုတ်....မဟုတ်တာ.. ခဏနားလိုက်ရင်သက်သာသွားမှာပါ မခေါ်ပါနဲ့  ဒါနဲ့ အဖေရော ”

“ ဝန်ကြီးပတ်နဲ့ညစာစားဖို့သွားရမယ်လို့ပြောသွားပါတယ် ”

အဒေါ်ကြီးစကားကိုနားထောင်ပြီး ဒိုယောင်းသက်ပြင်းချမိသည်။ ဒီနှစ်လည်းဒိုယောင်းမွေးနေ့ကိုအဖေမေ့သွားပြန်သည်ထင်ပါသည်။

“ သခင်လေး ဝန်ကြီးချုပ်က မနက်အစောတုန်းက သခင်လေးအတွက် ရေညှိဟင်းချိုထချက်ပေးသွားပါတယ်
အခန်းထဲကိုပဲယူလာပေးရမလား ”

အဖေက‌ရေညှိဟင်းချိုချက်ပေးသွားတယ်ဆိုတာကြောင့် ဒိုယောင်းမျက်နှာလက်ခနဲဖြစ်သွားရသည်။
အနည်းဆုံးတော့ အဖေကသူ့မွေးနေ့ကိုမမေ့ဘူးမဟုတ်ပါလား။
အဖေချက်ပေးတဲ့ ရေညှိဟင်းချိုသောက်ပြီးနောက် ဒိုယောင်းအိပ်ခန်းထဲကိုပြန်ဝင်ခဲ့လိုက်သည်။
.
.
.
စာလုပ်မယ်ဆိုပြီးစာကြည့်စားပွဲမှာထိုင်လိုက်ပေမယ့် စိတ်ကိုဘယ်လိုမှစုစည်းလို့မရတာကြောင့် ဒိုယောင်းအားလျော့စွာ စာအုပ်ကိုပြန်ပိတ်ချလိုက်ရသည်။
ဒီနေ့နဲ့ဆို ထယ်ယုံးကိုသူနောက်ဆုံးတွေ့ခဲ့တာ ငါးရက်ပင်ရှိနေလေပြီ။ ဒါပေမယ့် ထိုနေ့ကအကြောင်းကို ဒိုယောင်းမေ့ဖျောက်လို့မရသေး။
ဒိုယောင်းစိတ်ညစ်ညူးစွာဆံပင်တွေကိုဆွဲဖွမိသည်။ တကယ်ကို သူဘာတွေဖြစ်နေတာပါလဲ။

Goodbye My First Love Where stories live. Discover now