ထယ်ယုံးတစ်ယောက် ဒိုယောင်းအိမ်ရောက်မလာတာ တစ်ပတ်ခန့်ရှိလေပြီ။
သေချာပေါက်စာမေးပွဲကြောင့်အလုပ်ရှုပ်နေမယ်ဆိုတာသိပေမယ့် ဒိုယောင်းစိတ်ထဲလွမ်းဆွတ်နေမိသည်။ ဖုန်းဆက်ဖို့စဉ်းစားမိပေမယ့် အရူးကောင်သိသွားမှာစိုးတာကြောင့် မဆက်ဖြစ်။“ သခင်လေး ထမင်းစားမကောင်းဘူးလား ”
အဒေါ်ကြီးရဲ့အသံကိုကြားလိုက်မှ ဒိုယောင်း ထမင်းပန်းကန်ကိုတူနဲ့ဆွနေမိမှန်းသတိထားမိသွားရသည်။
“ မဟုတ်ပါဘူး ဒီအတိုင်းပါပဲ ကျွန်တော်တွေးစရာလေးရှိနေလို့ ”
“ စာလေ့လာရုံအပြင်လုပ်စရာမရှိတဲ့ကျောင်းသားက ဘာတွေတွေးစရာရှိနေသေးလို့လဲ ကင်မ်ဒိုယောင်း ”
အဒေါ်ကြီးနဲ့စကားပြောနေတုန်း ကျောဘက်ကထွက်လာတဲ့အဖေ့အသံကြောင့် ဒိုယောင်းကိုယ်လေးတုန်သွားရသည်။
“ မဟုတ်.... မဟုတ်ပါဘူး ဖေဖေ ”
စကားကိုပုံမှန်လေသံအတိုင်းဖြစ်အောင်ကြိုးစားပြောပြီးနောက် ခေါင်းငုံ့ပြီးထမင်းစားနေလိုက်သည်။
ကျိန်းသေပေါက် သူ့ကိုအကဲခတ်နေမှာသိတာမို့ မျက်ဝန်းထဲကအရိပ်အယောင်တွေကို မမြင်စေချင်မိပါ။“ ပြီးရင် ငါ့စာကြည့်ခန်းထဲကို လိုက်လာခဲ့ ကင်မ်ဒိုယောင်း ”
အဖေ့စကားကြောင့် ဒိုယောင်းလန့်သွားမိသည်။
အဖေ့စာကြည့်ခန်းကိုသွားရတိုင်း ဒိုယောင်းအတွက်ကောင်းတာဖြစ်ခဲ့တာမရှိခဲ့ဖူး။“ ဖေဖေ ကျွန်တော်ပါ ”
အသိပေးပြီးအခန်းထဲဝင်သွားတော့ စာရွက်စာတမ်းတချို့ကိုဖတ်နေတဲ့အဖေ့ကိုမြင်လိုက်ရတာမို့ ဒိုယောင်းတိတ်တိတ်လေးသက်ပြင်းချလိုက်မိသည်။
“ စာသင်တာဘယ်လိုလဲ ”
အချိန်အတော်ကြာရပ်စောင့်နေပြီးမှ ခေါင်းမော့ပြီးမေးလာတဲ့အဖေ့ကြောင့် ဒိုယောင်းအယောင်ယောင်အမှားမှားဖြစ်သွားရသည်။
“ အဆင်....အဆင်ပြေပါတယ် ဖေဖေ ”
“ ဒီတစ်ပတ်စာမေးပွဲပြီးရင် အမေရိကကိုသွားဖို့ပြင်ထား ငါအကုန်စီစဉ်ပြီးသားမို့လို့ လူပဲလိုက်သွားရင်ရပြီ ”
YOU ARE READING
Goodbye My First Love
Fanfictionမင်းနဲ့ထပ်တွေ့မယ့်အချိန်ကျရင် အမှတ်တရတွေကိုပြန်အမှတ်ရရင်းနဲ့ မင်းအနားမှာပြုံးရယ်နေချင်တယ် _Goodbye My First Love by EPEX_