2

86 7 0
                                    

အတန်းချိန်တွေအားလုံးပြီးသွားပေမယ့် ဒိုယောင်းအိမ်မပြန်နိုင်သေးဘဲ ကားပါကင်မှာဝဲလည်ဝဲလည်လုပ်နေမိသည်။
ဒိုယောင်းဆွဲထားတဲ့အစီအစဉ်အရ ဒီနေ့ဒိုယောင်းကပရော်ဖက်ဆာကင်မ်နဲ့ ရင်းနှီးမှုရအောင်စလုပ်တော့မည်ဖြစ်သည်။
ဘယ်လိုပဲသူတို့ကိုသင်ပေးတဲ့ဆရာမဟုတ်ပါဘူးဟုဆိုဆို
ကျောင်းထဲမှာဆို ဆရာနဲ့ကျောင်းသားဖြစ်နေသေးတာမို့ ကျောင်းပြင်ပမှာရင်းနှီးဖို့လုပ်ဆောင်တာက ပိုလွယ်ကူလောက်မည်ဟု ဒိုယောင်းထင်သည်။

“ ပရော်ဖက်ဆာ ”

ကားပေါ်တတ်ခါနီး အနောက်ကခေါ်သံကြောင့် ဒိုယောင်းအနောက်ကိုလှည့်ကြည့်မိတော့ အနောက်မှာရပ်နေတာက သူနဲ့နာမည်တူတဲ့ကျောင်းသားလေးဖြစ်လို့နေသည်။

“ ကျွန်တော်က ဥပဒေဌာန ဒုတိယနှစ်ကကျောင်းသားပါ ဟိုလေ ကျွန်တော့ကားကရုတ်တရက်ကြီး စက်နှိုးလို့မရတော့လို့ အဲ့တာ တက္ကဆီခေါ်ရမယ့်ဟာ ဖုန်းကလည်းအားကုန်နေလို့ ကျွန်တော့ကိုဖုန်းလေးပေးဆက်လို့မရဘူးလားဟင် ”

ဒိုယောင်းသူရှေ့ကကျောင်းသားလေးကို အကဲခတ်မိသည်။
အတော်လေးအားနာနေပုံရပြီး မဖြစ်မနေမို့လို့သာ အကူအညီလာတောင်းပုံရတာမို့လို့ ကူညီပေးဖို့ဆုံးဖြတ်လိုက်သည်။

“ ကျောင်းသားကဘယ်ကိုပြန်မှာလဲ ”

“ ဗျာ ”

ဒိုယောင်းပရော်ဖက်ဆာမေးတဲ့မေးခွန်းကြောင့် အံ့ဩသွားရသည်။
အစကဖုန်းနံပါတ်လောက်ပဲရအောင်ယူဖို့လုပ်ထားတဲ့အပြင် အနေတည်တယ်လို့နာမည်ကြီးတဲ့ပရော်ဖက်ဆာက
ဒီလိုကြီး နွေးနွေးထွေးထွေးမေးလာမယ်လို့မထင်ထားမိ။

“ ***ရပ်ကွက်ပါ ”

‌အမှတ်တရတွေရှိခဲ့ဖူးတဲ့ရပ်ကွက်နာမည်ကိုကြားလိုက်ရတော့ ဒိုယောင်းကားတံခါးကိုတင်းနေအောင်ဆုပ်ကိုင်ထားလိုက်မိသည်။ နာမည်ကြားရရုံနဲ့အမှတ်တရတွေတစ်ခုပြီးတစ်ခု ခေါင်းထဲဖြတ်ပြေးလာတာမို့ မွန်းကြပ်လာသလိုပင်ခံစားရသည်။

“ ပရော်ဖက်ဆာ အဆင်ပြေရဲ့လားခင်ဗျ ”

သူဘယ်လောက်ထိအ‌တွေးတွေနက်နေမိတယ်မသိ ကျောင်းသားလေးဆီကအသံကြားမှ လက်ရှိအခြေအနေကိုပြန်သတိထားမိတော့သည်။

Goodbye My First Love Where stories live. Discover now