အခုဒိုယောင်းရောက်နေတဲ့နေရာက
ကျောင်းရဲ့အနောက်ဘက်ကအုတ်တံတိုင်းပေါ်မှာဖြစ်သည်။
ဒီနေရာကိုရောက်နေတဲ့အကြောင်းအရင်းက ကျောင်းအတူတူမပြေးပေးရင် ဒိုယောင်းဆေးလိပ်သောက်တာကို အဖေ့ကိုပြန်တိုင်မယ်ဟုခြိမ်းခြောက်တာကြောင့်ပင်။
အတွေ့အကြုံရှိတဲ့ထယ်ယုံးက ပေါ့ပေါ့ပါးပါးကျော်ချသွားပေမယ့် အတွေ့အကြုံမရှိတဲ့ဒိုယောင်းမှာသာ ပြန်မခုန်ချရဲသေးဘဲ တံတိုင်းပေါ်မှာကားယားလေးဖြစ်နေရခြင်း။“ ငါဖမ်းပေးထားမှာမို့လို့ ငါ့လက်ကိုကိုင်ပြီးရဲရဲတင်းတင်းခုန်ချလိုက် ဒိုအီ ”
လက်နှစ်ဖက်ကိုသူ့ဆီကမ်းပေးရင်းပြောလာတဲ့အီထယ်ယုံးစကားကြောင့် ဒိုယောင်းနှာခေါင်းရှုံ့လိုက်မိသည်။
တကယ်ကြီးမလုပ်ချင်ပေမယ့် ခုန်လဲမဆင်းရဲတာမို့ မတတ်နိုင်စွာအီထယ်ယုံးလက်ကိုလှမ်းကိုင်ကဆင်းခဲ့ရသည်။
အောက်ကိုရောက်တဲ့အချိန်ခြေထောက်ကခေါက်သွားတာကြောင့် ဒိုယောင်းကိုယ်တိုင်ရော ဒိုယောင်းကိုထိန်းပေးထားတဲ့ထယ်ယုံးရော နှစ်ယောက်သားထပ်လျက်သားလဲကျသွားရသည်။စင်တီမီတာအနည်းငယ်မျှဝေးကွာတော့တဲ့ သူတို့မျက်နှာနှစ်ခုကြားကအကွာအဝေးကိုသတိထားမိလိုက်တဲ့ဒိုယောင်းက မျက်နှာကိုနောက်ဆုတ်ပစ်လိုက်ပေမယ့်
ထယ်ယုံးရဲ့ရီဝေဝေမျက်လုံးတွေဆီကနေအကြည့်မရှောင်လွှဲနိုင်။
~ လှတယ် တကယ်ကိုနဂါးငွေ့တန်းတစ်ခုလုံးကို မျက်လုံးတွေထဲမှာမြင်နေရသလိုမျိုး ~“ နာတယ် ”
စိတ်ထဲကစကားတွေ နှုတ်ခမ်းဝမရောက်လာမီ အဖိခံထားရတဲ့အီထယ်ယုံးဆီက နာတယ်ဆိုတဲ့အသံထွက်လာမှ ဒိုယောင်းကမန်းကတမ်းထလိုက်မိသည်။
လဲနေဆဲဖြစ်တဲ့လူကိုလည်း လက်ပြန်ကမ်းပေးပြီးထူပေးဖို့မမေ့မလျော့။“ အဆင်ပြေရဲ့လား ဆောရီး ငါ... ”
“ ရပါတယ် မင်းရောထိခိုက်သွားသေးလား ”
“ ဟင့်အင်း ”
“ တော်သေးတာပေါ့ သွားရအောင် ”
ပြောပြောဆိုဆိုနဲ့တွဲထားတဲ့လက်ကိုမဖြုတ်ဘဲဆွဲခေါ်သွားတဲ့ ထယ်ယုံးနောက်ကို ဒိုယောင်းပါသွားရသည်။
တကယ်တမ်း လက်ကိုရုန်းထွက်ပစ်လိုက်သင့်တာသိပေမယ့်
မရုန်းလိုက်မိ အင်း မရုန်းချင်ခဲ့မိတာဆိုပိုမှန်လေမလားပဲ။
YOU ARE READING
Goodbye My First Love
Fanfictionမင်းနဲ့ထပ်တွေ့မယ့်အချိန်ကျရင် အမှတ်တရတွေကိုပြန်အမှတ်ရရင်းနဲ့ မင်းအနားမှာပြုံးရယ်နေချင်တယ် _Goodbye My First Love by EPEX_