3

86 8 2
                                    

ဒီတစ်ခေါက်လပတ်စာမေးပွဲကိုကောင်းကောင်းဖြေနိုင်ခဲ့ပေမယ့် ဒိုယောင်းစိတ်ထဲပူပန်စိတ်တို့ရှိနေဆဲပင်။
အကယ်၍ ဒီတစ်လပါအဆင့်နှစ်ထပ်ဖြစ်ခဲ့ရင်....ဆိုတာကိုတွေးမိပြီး ဘေးကိုလှမ်းကြည့်မိတော့ အီထယ်ယုံးကအိပ်ပျော်နေတာ ဟောက်သံပင်ထွက်လုမတတ်။
တစ်ခါတစ်လေကျတော့လည်း ဒိုယောင်း ထယ်ယုံးကိုအားကျရပါသည်။
အပူအပင်မရှိ ဖိအားမရှိရှင်သန်ခွင့်ရနေတဲ့ ထယ်ယုံးက ဒိုယောင်းအတွက်တော့ ငှက်ကလေးနဲ့တူသည်။
ကြည့်နေမိတုန်း ထယ်ယုံးကလှုပ်လှုပ်ရွရွဖြစ်လာတော့ ကမန်းကတမ်းအကြည့်ပြန်လွှဲလိုက်ရသည်။

“ မနေ့ကမှစာမေးပွဲဖြေပြီးတာကို စာထပ်ကြည့်နေတာပဲ မငြီးငွေ့ဘူးလား ကင်မ်ဒိုယောင်း ”

ထယ်ယုံးရဲ့အမေးကို ဒိုယောင်းခေါင်းသာခါပြလိုက်သည်။
တကယ်တမ်းက သူ့မှာငြီးငွေ့လွန်းလို့ရူးမတတ်ပင်။

“ မင်းမငြီးငွေ့လည်း ငါငြီးငွေ့တယ် ဒီညငါတို့ကာရာအိုကေသွားဆိုရအောင် ”

“ တော်ပါ မင်း‌ဘာသာဂျော်နီတို့နဲ့သွားလိုက်ပါ
ငါစာကြည့်တိုက်သွားမလို့ ရှာစရာရှိသေးလို့ ”

“ Ayy ဘာဖြစ်နေတာလဲ ငါ့မှာမင်းနဲ့သွားချင်လို့ ဆောဂျော်နီတို့ကိုပါငြင်းထားတာကို လုပ်ပါဒိုအီရာ လိုက်ခဲ့ပါလို့ မင်းမလိုက်ရင် ငါတစ်ယောက်တည်းဖြစ်နေမှာကို ကြည့်ရက်လို့လား ”

လူခန္ဓာကိုယ်အပေါ်ဖက်တက်တော့မတတ်ဆိုလာတဲ့ အီထယ်ယုံးကိုမငြင်းနိုင်တဲ့အဆုံး ကာရာအိုကေဆိုတဲ့ဆီကိုလိုက်သွားရတော့သည်။

ကာရာအိုကေရောက်တော့ တစ်ယောက်တည်းခုန်ပေါက်ပြီးပျော်နေတဲ့ ထယ်ယုံးကိုကြည့်ပြီး ဒိုယောင်းပါစိတ်ပျော်လာရသည်။
နောက်ဆုံးတော့ သီချင်းဆိုဖို့အတင်းမိုက်ထိုးပေးလာတဲ့ထယ်ယုံးကြောင့် သူပါသီချင်းလိုက်ဆိုမိသည်အထိပင်။
မောသွားပုံရတဲ့ထယ်ယုံးက သူ့ဘေးနားလာထိုင်တော့ အလိုလိုဘေးတစ်ဖက်ကိုရွေ့လိုက်မိသည်။

“ ဒိုအီ မင်းBalladရတယ်မလား ဆိုကြည့်ပါလား ”

“ Balladလား ခဏကြည့်လိုက်ဦးမယ် ”

Goodbye My First Love Where stories live. Discover now