ကျောင်းကထူးချွန်ကျောင်းသားတွေကိုဆုပေးမယ့်အခန်းအနားကို ဒိုယောင်းရောက်နေတာဖြစ်သည်။ လူများတဲ့နေရာတွေကိုမကြိုက်ပေမယ့် ကျောင်းကကျင်းပတဲ့ပွဲပေမို့ ကျောင်းရဲ့ပရော်ဖက်ဆာတစ်ယောက်ဖြစ်နေသည့်သူက မဖြစ်မနေရောက်လာရခြင်း။
လာနှုတ်ဆက်တဲ့ဆရာတွေကိုအလိုက်သင့်ပြန်နှုတ်ဆက်ရင်း စင်ပေါ်ကိုတချက်ကြည့်လိုက်မိတော့ အခမ်းအနားမှူးက ဟိုနေ့ကတွေ့ခဲ့တဲ့ သူနဲ့နာမည်တူတဲ့ကလေးဖြစ်နေတာမို့ အံ့ဩသွားမိသည်။“ မင်္ဂလာပါ ဥပဒေဌာန ဒုတိယနှစ်က ကင်မ်ဒိုယောင်းဖြစ်ပါတယ် ”
“ မင်္ဂလာပါ အနုပညာဌာန နောက်ဆုံးနှစ်က ဘန်ယယ်ဒမ်ဖြစ်ပါတယ် ”
မိတ်ဆက်သွားတဲ့ကျောင်းသားလေးနှစ်ယောက်ကိုကြည့်ရင်း ဒိုယောင်းတိတ်တဆိတ်ထယ်ယုံးကိုအမှတ်ရမိသည်။
ဘယ်ရယ်ကြောင့်မှန်းမသိပေမယ့် ဒီကလေးနှစ်ယောက်ကိုမြင်တိုင်း ထယ်ယုံးကိုသတိရမိတာက တကယ်ကိုထူးထူးဆန်းဆန်းပင်။
နောက်တော့မှ ဒီကလေးနှစ်ယောက်ရဲ့ပရိုဖိုင်ကိုတောင်းကြည့်ဖို့ တေးမှတ်ထားလိုက်မိသည်။ပြောရမယ့်မိန့်ခွန်းပြောပြီးသွားတော့ ခန်းမထဲက ဒိုယောင်းမသိမသာပြန်ထွက်လာခဲ့သည်။
ကားပါကင်ဆီဦးတည်ထားတဲ့သူ့ခြေလှမ်းတွေက တစ်သက်လုံးမေ့မရခဲ့တဲ့အသံပိုင်ရှင်ရဲ့ခေါ်သံကြောင့် ရပ်တန့်သွားရသည်။“ ဒိုအီ တကယ်ကြီးမင်းဖြစ်နေတာပဲ ”
ဝမ်းသာအားရနှုတ်ဆက်တဲ့ထယ်ယုံးကြောင့် ဒိုယောင်းအလိုက်သင့်သာပြန်ပြုံးပြလိုက်ပေမယ့် စိတ်ထဲမှာတော့နေရတာအဆင်မပြေပါ။
“ ငါတို့တစ်နေရာရာမှစကားပြောကြရအောင်လေ ”
ထယ်ယုံးရဲ့ဦးဆောင်မှုနဲ့နှစ်ယောက်သား ကျောင်းနားကကဖေးလေးဆီရောက်သွားကြရသည်။
သူ့ကိုပြန်တွေ့ရလို့ပျော်နေတဲ့ထယ်ယုံးက တကယ့်ငယ်သူငယ်ချင်းတစ်ယောက်ကိုပြန်တွေ့ရလို့ပျော်နေသလိုမျိုး ပေါ့ပါးပျော်ရွှင်နေတဲ့ပုံပေါ်တာကြောင့် ဒိုယောင်းစိတ်ထဲနည်းနည်းတော့ဝမ်းနည်းသွားရသည်။
သူတို့ကတွဲတယ်ဆိုတဲ့အဆင့်အထိမရောက်ခဲ့ပေမယ့်လည်း...။
YOU ARE READING
Goodbye My First Love
Fanficမင်းနဲ့ထပ်တွေ့မယ့်အချိန်ကျရင် အမှတ်တရတွေကိုပြန်အမှတ်ရရင်းနဲ့ မင်းအနားမှာပြုံးရယ်နေချင်တယ် _Goodbye My First Love by EPEX_