4

135 7 1
                                    

ဒိုယောင်း ဂဏာမငြိမ်နိုင်ဘဲ ဧည့်ခန်းထဲမှာ ဟိုဟိုဒီဒီလျှောက်နေမိသည်။
ဒီနေ့က ပရော်ဖက်ဆာကင်မ် သူတို့အိမ်ကိုလာလည်မယ့်နေ့ပင်။
ဒယ်ဒီကို ကျောင်းကဆရာတစ်ယောက်ကို အိမ်မှာထမင်းဖိတ်ကျွေးချင်ကြောင်းပြောထားတာမို့ ဒယ်ဒီကဒီနေ့အလုပ်မသွားဘဲ အပေါ်ထပ်မှာရှိနေလေသည်။
ဒယ်ဒီ့ကိုအချစ်ဦးနဲ့စုံဖက်ပေးဖို့အရေး ဒိုယောင်းကိုယ်တိုင်မြှားနတ်မောင်လုပ်ပေးတော့မှာမို့ စိတ်လှုပ်ရှားနေရပါသည်။
ပရော်ဖက်ဆာ့ကိုမြင်လျှင် ပြောင်းလဲသွားလောက်မည့် ဒယ်ဒီ့ပုံစံကိုကြိုတင်မြင်ယောင်ရင်း ရင်ခုန်နေရသည်။

ခြံထဲကိုကားဝင်လာသံကြားတာနဲ့ ဒိုယောင်းအပေါ်ထပ်ကိုပြေးတတ်ခဲ့သည်။

“ ဒယ်ဒီ သားဆရာရောက်နေပြီ ခဏလောက်ဧည့်ခံပေးပါဦး သားရုတ်တရက်ဗိုက်နာလာလို့ သန့်စင်ခန်းခဏဝင်ချင်လို့ ”

ဒယ်ဒီ့ကိုအခန်းဝကနေလှမ်းပြောပြီး ကိုယ့်အခန်းထဲကိုဝင်နေလိုက်သည်။

ထယ်ယုံး သားရဲ့ဆရာဆိုသူကိုဧည့်ခံဖို့ အောက်ထပ်ဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေတဲ့ပုံရိပ်လေးကြောင့် နေရာမှာပဲအေးခဲသွားရသည်။
ထယ်ယုံးအမြင်တွေမှားယွင်းခြင်းမျိုးမဟုတ်။ ဒိုယောင်းကသူ့ရှေ့မှာရှိနေခဲ့သည်။
သားရဲ့ကျောင်းမှာ ဆရာအဖြစ်ရှိနေတာကိုသိလိုက်ကတည်းက အနှေးနဲ့အမြန်ထပ်တွေ့ရဖို့ စိတ်ထဲပြင်ဆင်ထားခဲ့ပေမယ့် ဒီလောက်မြန်မြန်ကြီးထပ်တွေ့ရဖို့ မမျှော်လင့်ထားမိ။

ဒိုယောင်း လှေကားရင်းမှာတောင့်တောင့်ကြီးရပ်နေတဲ့ ဒယ်ဒီကိုအားမရစွာ အပေါ်ထပ်ကပြေးဆင်းခဲ့ရသည်။
သူမှဝင်မပါရင် ဒယ်ဒီကဧည့်ခန်းထဲရောက်မှာမဟုတ်တော့။

“ ဒယ်ဒီ လာလေ ဒါ သားပြောဖူးတဲ့ သားတို့ကျောင်းက သားနဲ့နာမည်တူတဲ့ပရော်ဖက်ဆာလေ
ပရော်ဖက်ဆာ ဒါက ကျွန်တော့ဒယ်ဒီပါ အီထယ်ယုံး ”

ဒိုယောင်းဘာမှမသိချင်ယောင်ဆောင်ကာ မိတ်ဆက်ပေးလိုက်တော့ ဒယ်ဒီ့မျက်နှာစက္ကန့်ပိုင်းလောက်ပျက်သွားတာကို ဒိုယောင်းဖမ်းမိလိုက်သည်။
ကြည့်ရတာ အတော်လေးနေရခက်နေပုံပေါ်တာကြောင့် ဒိုယောင်းကပဲစကားတွေပြောရင်း ပေါ့ပါးအောင်ကြိုးစားနေရသည်။
ပရော်ဖက်ဆာက ကောင်းကောင်းအလိုက်သင့်နေပေးပေမယ့် ဒယ်ဒီကတော့ စိတ်နဲ့လူနဲ့မကပ်သေးသလို တောင့်တောင့်ကြီးရပ်နေဆဲ။

Goodbye My First Love Where stories live. Discover now