Arc 3.5

1K 81 4
                                    

Unicode

ကျေးမူလဲ လူရှင်းတဲ့နေရာသို့ ခပ်သုတ်သုတ်လျှောက်သွားလိုက်သည်။ နောင်ကအဖွဲ့ကလဲ သူ့အားမျက်ခြေမပြတ်လိုက်နေသည်။ တစ်နေရာအရောက်တော့ ကျေးမူရပ်လိုက်ပြီး နောက်ကလိုက်လာတဲ့အဖွဲ့ကိုစောင့်နေလိုက်သည်။

" ဟက် ညီလေးက ဒီကကိုကြီးတို့ကိုစောင့်နေတာပေါ့ ဘာလဲထွက်ပြေးဖို့အင်အားမရှိတော့ဘူးမလား "

" ....... "

ကျေးမူပြန်မဖြေပဲ ငြိမ်နေလိုက်သည်။ ဒါကိုရှေ့ကအဖွဲ့က သူတို်ကိုကြောက်နေတယ်ထင်ကာ

" ကောင်းတယ် ကောင်းတယ် အဲ့လိုမျိုးလိမ္မာနေပါ အားကုန်ခဲပြူးရုန်းနေရင် မင်းလဲပင်ပန်းတယ် ငါတို့လဲပင်ပန်းတယ် " ဆိုကာ ကျေးမူပခုံးကိုပုတ်ကာပြောနေသည်။

ကျေးမူငြိမ်နေတာ အကြောင်းရှိသည်။ သူ ဒီအဖွဲ့ကို အသေသတ်ချင်စိတ်ပေါက်နေတာကြောင့် ဒေါသထိန်းနေခြင်းပင်။ သူ့ကို နာကျင်အောင်မလုပ်ဖို့ပဲဆုတောင်းရလိမ့်မည် မဟုတ်ရင် သူ့ရဲ့ဒေါသကိုထိန်းမနိုင်ဖြစ်သွားလိမ့်မည်။ ကျေးမူဘာလို့ ဒေါသအလုံးအရင်းထွက်နေရလဲဆိုတော့ အကြောင်းပြချက်ရှိသည်။ မူလကိုယ်က ထိုအဖွဲ့ပေါ်ထားတဲ့အငြိုးတွေကြောင့်ပင်။ မူလကိုယ်က ထိုအဖွဲ့ကိုရှင်းပစ်ဖို့တွေးဘူးသည် သူတို့ရဲ့မကောင်းသတင်းတွေကိုဖော်ကာ ကျောငရးကိုမလာနိုင်အောင်လုပ်ပစ်မယ်ဟု ကြွေးကြော်ဘူးသည်။ အခု သူကမူလကိုယ်ရဲ့ဆန္ဒတွေဖြည့်ဆည့်ဖို့အချိန်တန်ပြီ။

[ host ဒေါသလေးထိန်းပါဦး မူလကိုယ်ရဲ့လွမ်းမိုးမှု မခံပါနဲ့ ]

' ပိုင်ပိုင် မူလကိုယ်က ငါ့ကိုလွမ်းမိုးမထားပါဘူး ငါအသိစိတ်ရှိသေးတယ် ပြီးတော့ အဲ့အဖွဲ့ကိုသတ်ချင်တာ အကြောင်းရှိတယ် မူလကိုယ်က အဲ့အဖွဲ့အကြောင်းရှာထားတာရှိတယ်ကွာ သူတို့အဖွဲ့ကအားနွဲ့သူတွေကို အနိုင်ကျင့်ယုံတင်မဟုတ်ဘူး မိန်းကလေးတွေကိုလဲမဖွယ်မရာလုပ်သေးတယ် ကလေးတောင်မချန်ဘူး ပြီးတော့ သူတို့ကအကြီးအကဲတွေရဲ့သားတွေ အဖေအုဏာနဲ့မိုက်လုဲးထွားနေတဲ့သကောင့်သားတွေကို ငါသတ်ချင်နေတာ လက်ယားနေပြီ '

ဗီလိန်အားကယ်တင်ခြင်း  ( System  ) (Complete) Where stories live. Discover now