PART 11

796 13 0
                                    

VIOLATION ( PART 11 )
______________________

"မ သွားနားတော့လေ။ဒီညမစောင့်နဲ့တော့ရပြီ။
ကိုယ်လဲဒီလောက်ကြီးနေမကောင်းဖြစ်နေတာမဟုတ်လို့လေ။"

Babyအားမရဲတရဲကြည့်ကာ
"မ baby နားမှာအိပ်လို့ရလားဟင်။
Baby နေမကောင်းဖြစ်တော့ မ ဂရုစိုက်ပေးထားတယ်မလား။မ ကိုဆုမပေးချင်ဘူးလားဟင်။"

"ဟမ်..."
Yခဏတာမှင်သက်သွားပြီးနောက်ချက်ချင်းပင်
"ကောင်းပြီလေ၊ဒါဆိုဘာဆုလိုချင်လဲ။
ဖြစ်နိုင်တာ‌တွေထဲကတစ်ခုပဲပြော။"
ဟုဆိုကာကိုယ်ကိုခပ်မတ်မတ်ပြင်ထိုင်ရင်း မ ကိုစူးစိုက်ကြည့်လိုက်တယ်။

"မ တို့Relationshipအဆုံးမသတ်ခင်အထိ မကလွဲတခြားသူမထားဖို့..."

စကားမဆုံးခင်ပင်
"လုံးဝမရဘူး။"

"မဟုတ်ပါဘူး၊မ အဲ့တာတောင်းဆိုရလောက်တဲ့အထိမရနိုင်မှန်း သိပါတယ်။အဲ့ဆုကိုလိုချင်ပေမယ့်Babyမကြည်ဖြူတာ မ အတင်းမတောင်းဆိုပါဘူး။ဒါပေမယ့် မ တောင်းဆိုချင်တာရိုးရှင်းပါတယ်။မ Babyနဲ့တစ်ခန်းထဲအတူနေချင်တယ်။Babyအနားမှာကပ်အိပ်ချင်ယုံပဲ။တခြားဘာမှမဟုတ်ပါဘူး။အဲ့တာရနိုင်မလားဟင်။"

မ ကို စိုက်ကြည့်ရင်းက ပုခုံးတွန့်ကာမတတ်နိုင်ဘူးပုံစံဖြင့်
"အခန်းက အတော်အတန်ကျယ်ပေမယ်ကိုယ်ကသီးသန့်နေရတာပဲကြိုက်တာ။"

"မ အခန်းကပ်ရပ်မှာအခန်းတစ်ခန်းကြိုစီစဉ်ထားတယ်။ပြောင်းနေရုံပါပဲ။အဲ့အခန်းထဲမှာBabyပစ္စည်း‌တွေစိတ်ကြိုက်စီမံခန့်ခွဲထားနိုင်မယ့်ဖွဲ့စည်းပုံကောင်းကောင်းရှိပါတယ်။
ပြီးတော့ မ ပစ္စည်အကုန်Babyအခန်းထဲမထားဘူးမို့Babyစိတ်မလုံစရာမရှိပါဘူး။Personalကသက်သက် အလုပ်ကသက်သက်ဆိုတာ မ သိပါတယ်။Babyစိတ်အနှောက်အယှက်မဖြစ်စေရပါဘူး။"

Yခဏတဖြုတ်စဉ်းစားကာ သက်ပြင်းချပြီးနောက်
"အဲ့ဒိကိစ္စနောက်မှပြောရအောင်။
ကိုယ်ဒီအခန်းထဲနေသားကျနေပြီမို့။"

"အင်းပါ။ဒါနဲ့Babyဘာအရောင်တွေကြိုက်လဲဟင်။"

"ဘာလို့လဲ။"

"မ အခန်းပြင်ဆင်တဲ့အခါအရောင်တွေမကြိုက်မှာဆိုးလို့ပါ။"

"ကိုယ်ပြောင်းချင်တဲ့ဆန္ဒမရှိဘူး။ဒီမှာပဲဆက်နေမယ်။ဒါပေမယ့် မ ရဲ့မေးခွန်းတော့ဖြေပေးမယ် ကိုယ်ကအရောင်နဲ့ပက်သက်ရင်
အသုံးအဆောင်နေရာအနေအထားအလိုက်သဘာဝဆန်တာကြိုက်တယ်။အကြိုက်ဆုံးကတော့ သမင်မွှေးရောင်၊ရွှေညိုရောင်လို့ခေါ်မလားပဲ။ဆိုတော့ မ လိုချင်တဲ့မေးခွန်းဖြေပြီးပြီအခန်းကိစ္စတော့ ကိုယ့်အတွေးထဲအဆင်မပြေဘူးမို့မေ့လိုက်ပါ။"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now