VIOLATION ( PART 13 )
_____________________"အင်း...
ဘဝတွေကတူသယောင်ယောင်ပါပဲ
ဖြတ်ကျော်ကြုံဆုံရတာ၊ပတ်ဝန်းကျင်ဆိုတာတွေမှထပ်တူကျမနေကြတာဘယ်တူပါ့မလဲ။
ဒါပေမယ့်...Babyကဘဝဒဿနတွေအရမ်းပြောတာပဲနော်။""အဟက်...ဒဿနတွေသာပြောတာအဖြစ်ရှိတဲ့အထဲတော့မပါဘူး။
ဘဝကိုပြင်းပြင်းထန်ထန်ရုန်ကန်ရယူရတာတွေမလိုချင်လို့နေမယ်။
ပင်ပမ်းမှာကြောက်တယ်လေ။"😜
ဟုဆိုကာမျက်နှာပြောင်လိုက်သည်။"ကဲပါထားပါတော့ မ ပြောသလိုဆို မ ကိုလိုက်ထိန်းချုပ်ဖို့ကအဆင်မပြေပါဘူး။ဘာလို့များအန္တရာယ်တောထဲကျင်လည်နေရတဲ့သူက မရရအောင်ကို့ကိုစာချုပ်နဲ့အနားခေါ်ထားချင်တာလဲတွေးမရဘူး။ဒါပေမယ့် ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာအတွင်းလွှမ်းမိုးဖို့ကြိုးစားမှာ ဘာလို့ဆိုကိုယ်က အေးဆေးနေတတ်ပေမယ့် ကို့အပိုင်ဆို ကိုယ်ပဲအနိုင်ကျင့်ပြဿနာရှာပြီး အချိန်ပြည့်ကို့ကိုပဲအလေးထားစေချင်တာ။ကိုယ်ကလောဘကြီးတတ်သလို အတ္တပါသိပ်ကြီးတာမို့လေ။"
"အင်း။မ လဲBaby မ ကိုဘယ်လိုအတ္တကြီးပြမလဲသိချင်မိသား။
မ ကစားသောက်ဆိုင် ဟော်တည်နဲ့ခရီးသွားလုပ်ငန်းလုပ်သလိုအိမ်ခြံမြေစီမံကိန်းတွေလဲလုပ်တယ်။ပရဟိတလဲကြုံရင်ကြုံသလိုလုပ်တယ်။ဒီအလုပ်တွေပဲBabyသိထားရင်ရပြီ။ပုံမှန် မ လိုက်စစ်စရာမလိုပေမယ့်အရေးကြီးတဲ့လုပ်ငန်းကိစ္စတွေအတွက်တော့သွားလေ့ရှိတယ်။အဲ့အချိန်Babyလိုက်လို့ရသလိုစိတ်ဝင်စားတဲ့ vlogsတွေလဲဖန်တီးလို့ရတယ်။အဲ့တော့Babyမပျင်းရတော့ဘူးပေါ့။""အင်း။အန္တရာယ်များတာမများတာထက်စိတ်လှုပ်ရှားစရာဆိုစိတ်ဝင်စားပါတယ်။ကိုယ်ကလဲအစားတစ်လိုင်းဆိုတော့ စားရင်းနဲ့ vlogsတွေလုပ်လို့ရတာမျိုးဆိုတော့မဆိုးပါဘူးကို့အကြိုက်ပဲ။ခြေဖဝါးမှဲ့ပါလို့လားမသိ တစ်နေရာထဲဖင်ဂဏာငြိမ်အောင်လုပ်ရတဲ့အလုပ်ထက်နေရာစုံလျှောက်သွားနေရတာကိုကြိုက်တယ်လေ"
"အင်း၊ဒါဆိုBaby မန္တလေးနဲ့ပြင်ဦးလွင်အမြဲသွားနေပေမယ့်နေရာစုံမရောက်ဖူးသေးဘူးမလား။"
"အင်း။"
"သွားပြင်ဆင်ချေ မ အကုန်လိုက်ပို့မယ်။"
YOU ARE READING
VIOLATION & ချိုးဖောက်ခြင်း
Разноеကို့ရဲ့ပထမဆုံး + ပါတဲ့ စာရေးဖူးတာပေါ့။ ဒါကြောင့် အမြင်မတူရင် လက်မခံနိုင်ရင်လစ်ပါ။ BSDM ဆန်ဆန်သွားမှာမို့ အဆင်ပြေရင်ဖတ်။မပြေရင်တော့ဂျောင်းပေါ့။Lesbianဆန်ပြီ Domme & Sub ပုံစံသွားမှာမို့ LGBTတွေ လက်မခံနိုင်ရင်လဲဂျောင်းပါ။ စိတ်ရှုပ်မခံချင်ဘူး။