PART 12

1K 17 0
                                    

VIOLATION ( PART 12 )
______________________

"ဧဒင်ထတော့...
ဧဒင်!"

"အင်း......အစောကြီးရှိအုန်းမှာ"

"ညကမင်းရှာတဲ့ပြဿနာတွေသတိရလားဧဒင်"

တစ်ခဏအကြာငေါက်ကနဲထထိုင်မှုနှင့်အတူ
"အာ! ကိုယ်သတိရပြီ။
အိမ်မက်လိုပဲDarlingရာယ်။"
ဟုဆိုကာလှမ်းဖက်လာလေသည်။
"အချိန်ရရမရရဆွဲတာကိုယ်မကြိုက်ဘူး။ထမျက်နှာသစ်ဒါသူများအိမ်။ကိုယ်တို့ပြဿနာတခြားမှာရှင်းရအောင်။"

"Darlingကိုယ်နဲ့လိုက်ခဲ့မယ်ပေါ့။"
Darlingခါးအားငုံ့ကိုင်းဖက်ထားရင်းကမျက်နှာကိုလှန်ကြည့်ရင်းမေးလိုက်သည်။

"အင်း၊ပြဿနာဖြေရှင်းဖို့ကလိုက်မှရမယ်လေ။
ထမြန်မြန်လုပ် မ မနိုးခင်သွားရအောင်။"

"အား Darlingကအဲ့ဘွားတော်ကြီးကိုကြောက်ရတာလား။"
ဟုဆိုကာDarlingအားဖက်ထားရာမှလွှတ်ပေးရင်းစင်းထား‌သောပေါင်ပေါ် သို့ဘေးတိုက်အနေအထားဖြင့်ခေါင်းတင်အိပ်ရင်းထိုင်နေသည့်Darlingမျက်နှာကိုမော်ကြည့်လိုက်မိသည်။
"မဟုတ်ဘူး။ကိုယ်သူနဲ့အပေးအယူအကြီးကြီးလုပ်ထားတယ်လေ။
ဒါကြောင့်ကိုယ်ကတိတည်မှရမယ်။
ဒီအတောအတွင်းမင်းကိုဂရုစိုက်နိုင်မှာမဟုတ်ဘူး။အဆက်အသွယ်ဖြတ်တယ်ဆိုတာမင်းကောင်းဖို့အတွက်လေ။"

"ဒါပေမယ့်ကိုယ်Darlingပဲချစ်တာလေ။"

"ကိုယ်မှမင်းကိုချစ်သူလိုမျိုးမချစ်နိုင်တာပဲဧဒင်။
အကြောင်းအကျိုးတိုက်ဆိုင်လို့ကိုယ်တို့ဆုံတွေ့ကြတယ်။အချိန်တန်တစ်ယောက်တစ်လမ်းသွားကြရမှာ။မင်းနဲ့ကို့ကြားDS Relationshipရှိနေချိန်မှာ မင်းကိုကိုယ်ပိုင်တယ်။အဆုံးသတ်သွားချိန်မှာကိုယ်တို့ကမဆိုင်တော့ဘူး။သာမာန်မိတ်ဆွေအဖြစ်ပဲဆက်ရှိနေနိုင်မှာ။"

"နားမလည်ဘူး!"

"အင်း။ကိုယ်အခု မ နဲ့Ds relationshipတည်ဆောက်လိုက်ပြီ။မင်းနဲ့တုန်းကလိုမဟုတ်ပဲ အပေးအယူကြောင့်လက်ခံဖြစ်လိုက်တဲ့RSတစ်ခုပဲ။ဆိုတော့ကိုယ်ပိုအလေးအနက်ထားဖို့လိုတယ်။"

"အပေးအယူ။"
ဧဒင်လူးလဲထကာ Darlingကိုငုံ့မိုးကြည့်ရင်း
"Darling ဘာလိုချင်လဲ ကိုယ်ပေးနိုင်တယ်။
သူတောင်အပေးအယူလုပ်နိုင်ရင်ကိုယ်ရောဘာလို့မလုပ်နိုင်ရမှာလဲ။ကဲပြောသူနဲ့ဘာကိုအပေးအယူလုပ်လိုက်တာလဲ။ကိုယ်သူ့တတ်နိုင်သလောက်ကို ဆတိုးနဲ့လိုက်နိုင်တယ်။"

VIOLATION & ချိုးဖောက်ခြင်းWhere stories live. Discover now