VIOLATION ( PART 3 )
_____________________နေရောင်ခြည်တစ်စွန်းတစ်စထိုးဖောက်ဝင်ရောက်လာမှုနှင့်အတူ Y နိုးထလာခဲ့သည်။
ထုံးစံအတိုင်းအပျင်းကျောလျှော့လူးလှိမ့်ရန်ကြိုးစားလိုက်ရာမထင်မှတ်ထားသောအတားအဆီးများအားရိုက်ပုတ်မိသွားသည်။
အတိတ်တလန့်ထကြည့်မိသောအခါညတည်းကပင်မပြန်ပဲထိုင်ရက်အိပ်ပျော်နေသော ထိပ်တင်ထားအားတွေ့လိုက်ရသည်။ ထို့အတူသူမသည်လဲလူးလွန့်ကာနိုးထလာသည်။အိပ်မှုံစုံမွှားနှင့်သူမက
"ဟင်! Y နိုးနေပြီလား။""အင်း... နိုးပြီဆိုပါတော့"
ပြောပြောဆိုဆိုပင်ခန္ဓာကိုယ်အားပြန်လှည့်ကာသူမရင်ခွင်ထဲပြန်မှီချလိုက်သည်။
ထို့နောက်သူမအားမော်ကြည့်ကာ
"ညကဘာလို့ပြန်မအိပ်တာလဲ Yနိုးသွားမှာဆိုးလို့လား?""အာ...အဲ့တာကဟုတ်တယ်ပြောရမလားပဲ၊ထားစောင့်ပြီးနှိပ်ပေးရင်းကအိပ်ပျော်တာသိပေမယ့်နိုးမှာဆိုးလို့ထိုင်စောင့်ရင်ဒီတိုင်းအိပ်ပျော်သွားတာပါ။တောင်းပန်ပါတယ်။အခွင့်မရှိပဲကုတင်ပေါ်အိပ်ပျော်သွားမိတာကိုထားတောင်းပန်ပါတယ်။"
ကောင်းစွာအသိစိတ်ဝင်ကာအခြေနေကိုရိပ်စားမိသွားသောသူမကစိတ်လှုပ်ရှားစွာတောင်းပန်နေလေသည်။ထို့အတူတုန်ယင်သွားသောသူမခန္ဓာကိုယ်အားမှီးထားလျှက်ခံစားလိုက်ရသည်။
Yမချိုမချဉ်ပြုံးလျှက်
"ဘာလိုချင်လဲ...""ဟင်...ဘာကိုလိုချင်ရမှာလဲဟင်။အပြစ်ပေးမှာမဟုတ်ဘူးလားဟင်။"
ပြူးကျယ်ဝိုင်းစက်နေသောမျက်လုံးရွဲများဖြင့်ငုံ့ကြည့်လာသောသူမအားစချင်သောစိတ်ဖြင့်"အခုကအပြစ်ပေးသင့်လား?
ဒါမှမဟုတ်ဆုပေးသင့်လား?"
ဟုဆိုကာမျက်ခုံးတစ်ဖက်အားမှိတ်ပြလိုင်သည်။သူမစကားကြောင့်ခပ်ကြောင်ကြောင်ဖြစ်မိသွားသောထားသည် စီးပွားရေးသမားပီပီပင်
"ထားကတော့ ပြစ်ဒဏ်အတွက် အပြစ်ပေးသင့်သလို၊ဆုပေးသင့်တဲ့အခါဆုပေးသင့်တယ်လို့ပဲခံစားမိပါတယ်။ဒါပေမယ့်ဆုပေးတယ်၊အပြစ်ပေးတယ်ဆိုတာကလဲတစ်ကယ်တော့Yရဲ့အလိုတော်ကျပါပဲ။ထားကYကိုဦးတည်လှည့်ပတ်နေတဲ့ဖြစ်တည်မှုအဖြစ်ကျေကျေနပ်နပ်ရွေးချယ်ထားမိတာကြောင့်ပါ။"
![](https://img.wattpad.com/cover/345550113-288-k167284.jpg)
YOU ARE READING
VIOLATION & ချိုးဖောက်ခြင်း
Художественная прозаကို့ရဲ့ပထမဆုံး + ပါတဲ့ စာရေးဖူးတာပေါ့။ ဒါကြောင့် အမြင်မတူရင် လက်မခံနိုင်ရင်လစ်ပါ။ BSDM ဆန်ဆန်သွားမှာမို့ အဆင်ပြေရင်ဖတ်။မပြေရင်တော့ဂျောင်းပေါ့။Lesbianဆန်ပြီ Domme & Sub ပုံစံသွားမှာမို့ LGBTတွေ လက်မခံနိုင်ရင်လဲဂျောင်းပါ။ စိတ်ရှုပ်မခံချင်ဘူး။