VIOLATION ( PART 5 )
______________________ခဏခဏပြီးမြောက်ခြင်းနှင့်အတူ
အရုပ်ကြိုးပျက် ပုံကျသွားပြီးတုန့်ပြန်မှုသိပ်မရှိတော့သည့်နောက် အရာအားလုံးအားရပ်တံ့ကာ လက်ကိုချည်ထားသည့်ကြိုးအားဖြည်ပေးပြီးနောက်အဝတ်ဗလာအတိုင်းပင်ပွေ့ချီ၍ ရေချိုးကန်ဆီပြန်သွားလိုက်သည်။
အသစ်လဲလှယ်ထားသောရေနွေးနွေးထဲ ကိုယ်ပါဆင်းကာ မ အားရေမိုးချိုးသန့်စင်ပေးပြီးသူမအခန်းထဲသို့ချီပို့ပေးခဲ့ကာ မိမိအခန်းသို့ပြန်လာခဲ့သည်။အဝတ်အစားလဲပြီးနောက် ဟာနေသောဝမ်းဗိုက်အားဖြည့်ရန်ထမင်းစားခန်းသို့သွားလိုက်သည်။
"မမလေး ညစာစားမလို့လား?
ထားလေးက မမလေးအတွက်ကိတ်တွေနဲ့ဖျော်ရည်စီစဉ်ပေးထားတာတွေလဲပါရှိတယ်""ကြီးမေ!
ကြီးမေကအသက်လဲကြီးပါတယ်။
မမလေးခေါ်မယ့်အစား ဝိုင်လေး ပဲခေါ်ပါ မဟုတ်လဲ သမီးဖြစ်ဖြစ် တူမလေး ဖြစ်ဖြစ်ခေါ်ပါရတယ်။
မမလေးလို့မခေါ်ပါနဲ့သိပ်မကြိုက်လို့။""ဟို...ထားလေးက အဲ့လိုပဲခေါ်ခိုင်းလို့ကြီးမေကခေါ်တာပါကွယ်။
ထားလေးကသေသေချာချာမှာထားလို့မလုပ်ရင် ကြီးမေကိုဆူမှာပေါ့မမလေးရဲ့။"Y ပြုံးလိုက်ကာ
"ရတယ်ကြီးမေ Y မမကိုပြောလိုက်မယ်။ကြီးမေကိုတစ်ခွန်းတောင်အပြစ်မတင်စေရဘူး။"ဟုဆိုကာကြီးမေဆီသွားကာသိုင်းဖက်လိုက်ရင်း
"အဲ့တော့ကြီးမေ ကြိုက်သလိုခေါ်ပါ။
Yကနဲနဲကလေးဆန်ပြီးဆိုးပေမယ့် ကြီးမေ သမီးလိုမြေးလေးလိုသဘောထားလဲရတယ်။အဲ့လိုဆိုကြီးမေYကိုပိုဂရုစိုက်ပေးရမှာနော်။အခုကစပြီး မမလေးလို့မခေါ်နဲ့တော့နော်။"
"နော်လို့...ကြီးမေ။""ကလေးသဘောပါပဲ။ဒါဆို ကြီးမေကလေးလို့ပဲခေါ်မယ်ဟုတ်ပြီလား။"
"ဟုတ်...
ကြီးမေကအရမ်းချစ်ဖို့ကောင်းတာပဲ ဟီး ဟီ..."
ထို့နောက်Y ထမင်းစားခုံတွင်ဝင်ထိုင်ရင်း"ကြီးမေ ဒီနေ့ညစာဘာစီစဉ်ထားတာလဲ?"
"ထားလေးကထမင်းစားတာများတယ်။
ဒါကြောင့်ကြီးမေ ထမင်းဟင်းတွေပဲစီစဉ်ခိုင်းထားတာကလေးရဲ့။""အော်...
ဒါဆိုYကိုလေ ကြီးမေပြောတဲ့ ကိတ်နဲ့ဖျော်ရည်ပဲချပေးတော့နော်။
ဒါနဲ့ကြီးမေတို့မှာစွပ်ပြုတ်ဘာညာလုပ်ထားတာရှိလား?"
YOU ARE READING
VIOLATION & ချိုးဖောက်ခြင်း
Randomကို့ရဲ့ပထမဆုံး + ပါတဲ့ စာရေးဖူးတာပေါ့။ ဒါကြောင့် အမြင်မတူရင် လက်မခံနိုင်ရင်လစ်ပါ။ BSDM ဆန်ဆန်သွားမှာမို့ အဆင်ပြေရင်ဖတ်။မပြေရင်တော့ဂျောင်းပေါ့။Lesbianဆန်ပြီ Domme & Sub ပုံစံသွားမှာမို့ LGBTတွေ လက်မခံနိုင်ရင်လဲဂျောင်းပါ။ စိတ်ရှုပ်မခံချင်ဘူး။