VIOLATION ( PART 4 )
_______________________"Baby ပြန်လာပြီလား?"
ပြောပြောဆိုဆိုပင်ကြိုးသိုင်းဖိနပ်အမြင့်လေးအားထိုင်ချွတ်ပေးကာအိမ်စီးဖိနပ်ဝတ်ပေးလိုက်သည်။
ဖိနပ်လေးအားဖိနပ်စင်ပေါ်ထားပြီးနောက်အိမ်ထဲဝင်သွားသောBabyနောက်လိုက်ကာ"Baby ဘာနဲ့ပြန်လာတာလဲ?
နောက်ကျလိုက်တာ။
ဦးကျော် ကိုဘာလို့လမ်းတစ်ဝက်နဲ့ပြန်လွှတ်လိုက်တာလဲ၊ဦးကျော်အားနေတာပဲကို Babyရာယ်။"ထိုအခါBabyကဆက်မသွားတော့ပဲမျက်နှာချင်းဆိုင်လှည့်လာကာ ထား အား
"အင်း...
အလုပ်ကိစ္စရာယ်၊အလည်လွန်သွားတာရာယ်ပေါ့။ပင်ပမ်းနေပြီရေနွေးနွေးလေး စိမ်ချိုးချင်တယ်။""ဒါဆိုရေသောက်ပြီးခဏထိုင်နေနော် ခုပဲရေစိမ်ဖို့ မ လုပ်လိုက်မယ်။"
ထို့နောက် သီးသန့်ရေချိုးခန်းအကျယ်ထဲသွားကာ မပူလွန်းမအေးလွန်းသောခပ်နွေးနွေး ရေဖြည့်ပြီးနောက် ပန်းများဖြင့်အလှဆင်ကြဲချရင်း အမွှေးဖယောင်းများပတ်ပတ်လည်ထွန်းလိုက်သည်။ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက် Baby အားသွားခေါ်လာခဲ့လိုက်သည်။"အင်း...
တော်တော်ကျယ်ပြီးViewလှတာပဲ။"
မ ရှေ့မှာပင် အဝတ်အစားများချွတ်ပြီးနောက် ရေချိုးကန်ထဲဆင်းကာ ကန်ဘောင်တွင်မှီထိုင်၍မျက်လုံးကိုမှိတ်ကာသက်တောင့်သက်သာနေလိုက်သည်။ဘာမပြောညာမပြောရှိသမျှအဝတ်အစားများချွတ်ချလိုက်သောBabyအား ကြောင်အစွာငေးကြည့်မိရင်း နှလုံးသွေးများတိုးလာသလိုခံစားရကာမျက်နှာမှာပူထူ၍ ခြေဖျားလက်ဖျားများပင်အေးစက်သယောင်ခံစားလိုက်ရပြီးBabyရေစိမ်ကန်ထဲရောက်သည်အထိပင်မျက်တောင်မခတ်မတမ်းငေမောကြည့်နေလိုက်မိသည်။
"ငုတ်တုတ်မေ့နေတာလား?
အဝတ်အစားတွေချွတ်ပြီးကန်ထဲဆင်းလာခဲ့။
အချိန်ဆွဲတာမလိုချင်ဘူး။"ထပ်မံ၍ရှိသမျှသွေးများဆောင့်ထိုးတတ်သွားသယောင်ခံစားလိုက်ရသည်။သည်လိုသွေးအေးအေးဖြင့်ဘာဖိအားမှမရှိစွာလုပ်ဆောင်သွားနိုင်ပုံအားအံ့ဩရသကဲ့သို့ မိမိအားထိုသို့လုပ်ရန်အမိန့်ပေးလာသောအခါအနဲငယ်တွန့်ဆုတ်သွားမိသည်။
သို့သော် အမိန့်အတိုင်းအဝတ်များချွတ်ကာရေစိမ်ကန်အတွင်းသို့ဖြေးညှင်းစွာဝင်ရောက်လိုက်တော့သည်။
YOU ARE READING
VIOLATION & ချိုးဖောက်ခြင်း
عشوائيကို့ရဲ့ပထမဆုံး + ပါတဲ့ စာရေးဖူးတာပေါ့။ ဒါကြောင့် အမြင်မတူရင် လက်မခံနိုင်ရင်လစ်ပါ။ BSDM ဆန်ဆန်သွားမှာမို့ အဆင်ပြေရင်ဖတ်။မပြေရင်တော့ဂျောင်းပေါ့။Lesbianဆန်ပြီ Domme & Sub ပုံစံသွားမှာမို့ LGBTတွေ လက်မခံနိုင်ရင်လဲဂျောင်းပါ။ စိတ်ရှုပ်မခံချင်ဘူး။