Chapter 5

1.2K 46 0
                                    

(Unicode)

"အယ် ဝမ်ရိပေါ် ၊ မင်း ငါ့ကို ညဈေးလိုက်ပြမယ်ဆို။ ညနေဘက်ရောက်နေပြီဘဲဟာ"

"ရှောင် မင်းသား မနားတော့ဘူးလား"

"အင်း မနားတော့ဘူး။ ပြီးတော့ မယ်တော်ရဲ့ရှေ့မှာတော့ ကျန့်ကော လိုခေါ်လို့ရပါတယ်"

"ဪ အင်း .....ကျန့်ကော"

ဒီတစ်ခါမျက်လုံးအပြူးသားနှင့်ကြည့်နေရသူက မိဖုရားကြီးပင်။ သူမ၏သားတော် ဝမ်ရိ က ညီအစ်ကိုတွေ အချင်းချင်းတောင် ဒီလောက်ရင်းနှီးဟန်ဖြင့် ခေါ်ခဲ့ခြင်းမရှိလေတော့ အံ့ဩတာ မထူးဆန်းပါဘူး။

"မင်းတို့ ၂ ယောက် အပြင်သွားကြမှာမလား။ သွားလေကွယ်။ တော်ကြာ ညဈေးမှာ ကြည့်စရာမကျန်ဘဲနေမယ်"

"ဟုတ်ကဲ့မယ်တော် ၊ ကျန်အော်တို့သွားပြီနော်။ ဝမ်ရိပေါ် လာသွားမယ်။ ငွေများများယူခဲ့ ၊ မင်းကိုလိုချင်တာရှိရင်ဝယ်ခိုင်းရအောင်လို့ ဟီး"

ဝမ်ရိတော့ ကလေးစထိန်းနေရပါပြီ။ သူ့ထက် ၆ နှစ်ကြီးတဲ့ ကလေးကြီးကိုထိန်းနေရခြင်းပင်။ ရှောင်ကျန့်ကတော့ ရှေ့ကနေတက်ကြွလျက်။

"ကျန့်ကော...."

"ဟင်"

"အဲဒီဘက်မဟုတ်ဘူး ။ ဒီဘက်ကသွားရမှာ"

"ဪ.....စောစောပြောတာမဟုတ်ဘူး"

လမ်းမသိဘဲ ရှေ့ကသွားနေတဲ့ရှောင်ကျန့် ၊ နောက်ကနေဘာမှမပြောဘဲ တိတ်တိတ်လေးလိုက်နေတဲ့ ဝမ်ရိ၊ ဟုတ်တော့ဟုတ်နေပါပြီ။ ဝမ်ရိက လမ်းမှားနေကြောင်းပြောလိုက်တော့ ရှောင်ကျန့်ရှက်ပြုံးလေးပြုံးပြီးပြေးတာကအသက်။ ၂ ယောက်သားညဈေးထဲလည်းရောက်ရော ရှောင်ကျန့် က ကလေးလားကျလို့။ ဟိုဆိုင်ဝင်လိုက် ဒီဆိုင်ဝင်လိုက် ၊ ဟိုဟာပူဆာလိုက် ဒီဟာပူဆာလိုက်နှင့်။ ဝမ်ရိ ကတော့ပူဆာတိုင်းဝယ်ပေးလေရဲ့။ တားလည်းမတားဘူး ၊ ထူးခြားတာတစ်ချက်ကတော့ သိပ်မပြုံးတဲ့ တစ်ယောက်သော ဝမ်ရိ က ပြုံးတာမရပ်တော့ခြင်းပင်။

"အဲ အဲ.....ဝမ်ရိပေါ် ဟိုမှာ သကြားလုံးတွေ ၊ စားချင်လို့"

ရှောင်ကျန့်ရဲ့ပူဆာသံတွေကို လျစ်လျူမရှုနိုင်သော ဝမ်ရိ ဝယ်ပေးရပြန်ပါရော။ ၂ ယောက်သားလမ်းလျှောက်ရင်း လျှောက်ရင်းနှင့်ပင် အချိန်တွေကုန်သွားခဲ့သည်။ သူတို့ ၂ ယောက်ရဲ့လက်ဆက်ပွဲကတော့ နီးပြီးရင်း နီးလာခဲ့သည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now