(Unicode)
"အရှင့်သားတို့ပြောနေတာတွေ ကျွန်တော်မျိုးနားမလည်တော့ဘူး။ ရှောင်မင်းသားကကျွန်တော်တို့ကိုသိတာလား"
ကျောက်ယွမ်မှတအံ့တသြမေးလိုက်သည်။ ရွှမ်းယွမ်ကတိတ်ဆိတ်နေပေမယ့် သူလည်းကျောက်ယွမမ်မေးသောမေးခွန်း၏အဖြေကိုသိချင်နေလေသည်။
ထိုအခါဝမ်ရိကထလျက်
"မင်းတို့ကိုကယ်တာငါတစ်ယောက်ထဲမဟုတ်ဘူး။ ရှောင်မင်းသားရောမင်းတို့ကိုကယ်ခဲ့တာ။ မင်းတို့ဆေးပေးခန်းမှာတုန်းက ကုပေးတဲ့သမားတော်က ရှောင်မင်းသားဘဲ"
"အာ!"
ကျောက်ယွမ်ဆီမှအာမေဍိတ်သံလေးတစ်ချက်ထွက်လာသည်။ ရွှမ်းယွမ်ကတော့တည်လျက်...
"ဒီလောက်တိုက်ဆိုင်နိုင်လို့လား"
ဟု ပြန်၍မေးခွန်းထုတ်လေသည်။ ဒီတစ်ခါ ဝမ်ရိမဖြေ ၊ ရှောင်ကျန့်မှထဖြေသည်။
"အင်း.....တိုက်ဆိုင်တာတွေချည်းဘဲတော့မဟုတ်ဘူး။ တွေ့ဆုံရမယ့် ကံကြမ္မာနဲ့လည်းဆိုင်သေးတာပေါ့ ဟီး"
ရှောင်ကျန့်၏ပြန်ဖြေသော စကားကိုကြားပြီးပြီးချင်း ရွှမ်းယွမ်နှင့်ကျောက်ယွမ်သည် ဒူးတစ်ဖက်ထောက်ချလျက် အမိန့်နာခံသော အနေအထားဖြင့်ဆိုသည်။
"အရှင့်သားတို့ ၂ ယောက်လုံးကကျွန်တော်မျိုးတို့ရဲ့ ကယ်တင်ရှင်တွေပါ။ ကျွန်တော်မျိုးတို့အသက်ကိုပေးဆိုရင်တောင်ပေးရဲတာမလို့ လိုသလိုအသုံးပြုနိုင်ပါတယ်။ လက်နက်တစ်ခုအဖြစ်နဲ့ဘဲဖြစ်ဖြစ် အသုံးဝင်ချင်ပါတယ်"
သူတို့ ၂ ယောက်၏အပြုအမူကိုကြည့်လျက် ရှောင်ကျန့်နှင့် ဝမ်ရိ ၂ ယောက်အနည်းငယ်ဆွံ့အသွားသည်။ ခဏ အကြာတွင်တော့ ရှောင်ကျန့်လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ကုတင်ပေါ်မှဆင်းလာပြီး ကျောက်ယွမ်နှင့်ရွှမ်းယွမ်တို့ဒူးထောက်နေရရာထိဆင်းလျက် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်လေသည်။
ကျောက်ယွမ်နှင့်ရွှမ်းယွမ်တို့ကလည်း အယောင်ယောင်အမှားမှားနှင့် ဘာလုပ်ရဘာကိုင်ရမှန်းမသိဖြစ်သွားသည်။ ရှောင်ကျန့်ကိုဘဲထထူရတော့မလား ၊ သူတို့ကိုယ်ကိုဘဲ အောင်သိူ့ဝပ်ချလိုက်ရတော့မည်လား မသဲကွဲတော့။ ထိုအချိန်တွင်....
YOU ARE READING
မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)
Ficción históricaရန်အန်း ပြည်ရဲ့အငယ်ဆုံးသားတော် မင်းသား (၁၂) "ဝမ်ရိ"။ ဟွား ပြည်ရဲ့ ဒုတိယမြောက်သားတော် ၊ မွေးကတည်းက လျှို့ဝှက်လွန်းပြီး ဟွား တိုင်းပြည်မှ ပြည်သူတို့တောင် "မင်းသား" လား "မင်းသမီး" လား မသိကြတဲ့ "ရှောင်ကျန့်"။ သူတို့နှစ်ယောက်ရဲ့ အမည်မသိ ရစ်ပတ် နှောင်ဖွဲ့...