Chapter 13

836 33 0
                                    

(Unicode)

"မိုးတိတ်သွားပြီဘဲ လတောင်ထွက်လာပြီ

"အင်း သွားလို့ရလောက်ပြီထင်တယ်"

"အင်း သွားကြစို့"

ခြေလှမ်းများမှာ မနှေးလွန်း မမြန်လွန်း။ သူတို့တက်လာသည့်နေရာမှာ ခေါင်မိုးတစ်ခုပေါ်ကိုသာ။ မြို့တော်အတွင်းတွင် အမြင့်ဆုံးအဆောက်အဦးမှာ ခံတပ်နံရံများဖြစ်သည်။ သူတို့ရောက်နေသည့်နေရာမှာ ခံတပ် နံရံအမြင့်နှင့် သိပ်ကြီးမကွာသော အဆောက်အဦးတစ်ခု၏ ခေါင်မိုးအုတ်ကြွပ်ပြားပေါ်တွင်သာ။ ရှောင်ကျန့်ကလမ်းပြရာနောက်ကို ဝမ်ရိက လိုင်သည်။ ထိုခေါင်မိုး၏ အဖျားပိုင်းသို့ရောက်သော် ခေါင်မိုးအစွန်းတွင် ငှက်တစ်ကောင်ပုံထွင်းထုထားသော အချွန်နေရာရှိသည်။ ထိုနေရာသို့ရောက်သောအခါ ရှောင်ကျန့်ကရပ်လိုက်သည်။

" ဝမ်ရိပေါ် ဒီနားလေးလာကြည့်"

"အင်း"

ရှေ့သို့ခြေလှမ်းများတိုးကာ မျှော်ကြည့်လိုက်သည်။ မီးရောင်များနှင့်မြို့တော် ၊ လူတွေသွားလာနေကြတဲ့လမ်းမတွေ ၊ စည်ကားလှတဲ့ညဈေး ၊ မီးရောင်တွေနဲ့ အရောင်ချင်းပြိုင်နေကြသော လမင်းကြီးနှင့် ကြယ်ရောင်များတို့ဖြင့် ငြိမ်းချမ်းလှသောမြို့တော်ကြီး၏ ရှုခင်းမှာ ငေးမောလောက်စရာ။

"လှတယ်မလား"

"အင်း လှတယ် ၊ လှတာထက်ငြိမ်းချမ်းနေတာ"

"အင်း ၊ သေရည်တစ်အိုးယူ"

ကိုင်ထားသော သေရည်နှစ်အိုးမှ တစ်အိုးကို ဝမ်ရိဆီသို့လှမ်းပေးလိုက်လေသည်။

"ဝမ်ရိပေါ် မင်းဒီဘက်လာထိုင် ၊ ဒီဘက်မှာပိုလှတယ်။ ငါမင်းထိုင်တဲ့ဘက်မှာထိုင်မယ်"

"ရပါတယ် ဒီနားလည်း"

"မရနဲ့ မွေးနေ့ကို အကောင်းဆုံးဆိုတဲ့အရာတွေနဲ့ဘဲဖြတ်သန်း ၊ ဒီဘက်လာ ငါအဲ့ဘက်ထိုင်မယ်"

"အင်း ကျန့်ကော"

နှစ်ယောက်သား တစ်ပြိုက်နက်ထရပ်လိုက်ကြပြီး နေရာလဲကြတယ်။ လဲနေရင်း မိုးကဘဲအလိုက်သိခဲ့လေသလား ၊ အုပ်ကြွပ်ပြားကဘဲအလိုက်သိခဲ့လေသလား ၊ သွားနေသောရှောင်ကျန့်သည် ချောနေသော အုတ်ကြွပ်ပြားကိုနင်းလိုက်မိကာ ချော်လဲမလိုဖြစ်သွားသည်။ တစ်ဖက်က တစ်စုံတစ်ဝမ် ဘယ်နေလိမ့်မလဲ နောက်ပြန်လန်လဲခါနီး ရှောင်ကျန့်ကို အမိလှမ်းဆွဲလိုက်လေသည်။ လှမ်းဆွဲလိုက်မိသည့်နေရာမှာ ရှောင်ကျန့်၏ ခါးသွယ်သွယ်လေးပင်။ ရှောင်ကျန့်၏ ခါးသွယ်သွယ်လေးပေါ်တွင် ဝမ်ရိ၏ လက်တစ်ဖက်ကနေရာယူလျက် သူ့ဘက်သို့ဆွဲယူလိုက်သည်။ ဝမ်ရိ၏ မျက်နှာတွင် လန့်သွားသည့်အရိပ်အယောင်ရေးရေး နေရာယူလျက် ၊ ရှောင်ကျန့်လည်းထို့အတူပင်။ မျက်လုံးနှစ်စုံတို့၏ အချင်းချင်းစိုက်ကြည့်နေမှုမှာ ဘယ်လောက်ကြာသွားတယ်မသိလိုက်အောင်ပင်။ နောက်မှ နှစ်ယောက်သားသတိလည်ဟန်ဖြင့် လွှတ်လိုက်ကြကာ........

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now