Chapter 33

604 14 0
                                    

(Unicode)

"မယ်တော် .....မယ်တော်..ကျွန်တော်လေ ဝမ်လင်။ မယ်တော်"

မင်းသား ၇ ဝမ်လင်ဆီမှ ကွေ့ဖေးကို ခေါ်နေသံ။ သို့ရာတွင် ကွေ့ဖေး၏ပြန်ထူးသံကို မကြားရချေ။

"မယ်တော်....သားတော်ကိုလှည့်ကြည့်ပါဦး။ ကျွန်တော်ခေါ်နေတာဒီဘက်မှာလေဗျာ"

ပြန်ဖြေခြင်းတစ်စုံတစ်ရာမရှိသော ကွေ့ဖေးသည် တစ်ဖက်သော အရပ်သို့သာမျက်နှာမူလျက်။ မျက်လုံးများဟာလည်း အသက်မရှိတော့သဖွယ် ကြောင်စွာ ငေးကြည့်နေသည်။

ဝမ်လင်၏ အတော်အကြာနားညီးလောက်အောင် ခေါ်ပြီးသည့်နောက်တွင် ရလာသည့် ရလဒ်တစ်ခု။

"ဟမ်.........ဟိုမှာ"

ဝမ်လင်ဘက်သို့လှည့်ကြည့်လာရင်း အာမေဍိတ်သံတစ်ချက်နှင့်အတူ လက်တစ်ဖက်ကိုဆန့်တန်းကာပင် နေရာတစ်ခုသို့ညွှန်ပြလေသည်။ သူမပြသည့်နေရာမှာ သူမခုဏကတည်းက ငေးကြည့်နေသောနေရာသာဖြစ်သည်။

"နန်းဆောင်တံခါးပေါက်! အဲဒါကဘာဖြစ်လို့လဲမယ်တော်"

"ဟင်...........ငါ့သား.....ငါ့သားလေး"

သူမဟာအဲ့နေရာကိုဘဲဆက်တိုက်ညွှန်ပြနေရင်း အော်လေတော့သည်။ ပါးစပ်မှမရပ်တမ်း မနားတမ်းအော်နေသော စကားလုံးမှာ ငါ့သား...ငါ့သားလေးဟူသောစကားလုံးသာ။ ထိုအဆက်မပြတ်ခေါ်နေသော သား ဆိုသည့်နာမ်ပုဒ်လေးသည် ဝမ်လင်ကိုရည်ရွယ်နေသည်တော့ မဟုတ်လှချေ။

"မယ်တော်.....ဟာမယ်တော် ဘာဖြစ်လည်းပြောဦးမှ သားတော်ကသိမှာပေါ့ဗျာ။ ဟမ်....မယ်တော်"

"အင့်ဟင့် ငါ့သားတော်.."

ဝမ်လင်ကဘာဖြစ်မှန်းမသိပေမယ့်...နောက်မှအခြေအနေကိုစောင့်ကြည့်နေသော ဝမ်ရိကတော့ အဖြစ်အနည်းအကျဥ်းကိုတော့ ရိပ်မိနေလေပြီ။

"မင်းလည်းဒီလောက်ဆိုရိပ်မိရောပေါ့"

"ကျန့်ကော....ဘာလို့ဒီရောက်နေတာလဲ"

ဘယ်အချိန်လော်ထဲက သူ့ဘေးနားရောက်နေမှန်းမသိသော ရှောင်ကျန့်ကို ဝမ်ရိထံမှာအလန့်တကြား တုံ့ပြန်ချက်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now