Chapter 14

731 29 0
                                    

(Unicode)

အိမ်တော်သို့ပြန်ရောက်သော်.......

"ကျန့်ကော!.... ကျွန်တော်ပြောတယ်လေ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဆိုတာကို။ အခုကျန့်ကော ဝင်ပါလိုက်ပြီ ၊ ရန်သူတွေရဲ့မြှားဦးကကျန့်ကောဘက်လှည့်လာရင် ဘယ်လိုလုပ်မလဲ"

"ဝမ်ရိပေါ် ၊ အခုသေသွားတာ ငါ့အထက်လူကြီး ပြီးတော့ဆရာလိုဖြစ်နေတဲ့သူ။ ငါဝင်မပါရင်ဘယ်သူဝင်ပါမှာလဲ"

"ကျန့်ကောပါ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"

"ငါမဖြစ်နိုင်ဘူးလို့တော့မပြောနိုင်ဘူး။ ဒါပေမယ့် ငါစစ်သူကြီးဟန်လိုတော့ အဆုံးသတ်မခံနိုင်ဘူး ဝမ်ရိပေါ်"

"ကျွန်တော်ပြောတာ ဘာလို့နားမလည်နိုင်ရတာလဲ ကျန့်ကော။ ကျန့်ကောမဟုတ်ဘဲနဲ့ ဒီအမှုကိုဖြေရှင်းမယ့်သူတွေအများကြီးရှိတယ်။ ကျန့်ကောတစ်ခုခုဖြစ်သွားပါပြီတဲ့ ဟွားတိုင်းပြည်ကငြိမ်နေမယ်ထင်လို့လား ၊ ကျန့်ကောကဟွားတိုင်းပြည်ရဲ့ မင်းသားတစ်ယောက်။ ဘယ်လောက်ဘဲ ရန်အန်းမှာ အမှုထမ်းနေရပါစေ ကျန့်ကောက ဟွားတိုင်းပြည်ကမင်းသားဆိုတာမပြောင်းလဲသွားဘူး"

"ငါမဟုတ်ဘဲ လုပ်မယ့်တဲ့သူတွေအများကြီးရှိတာ ငါသိတယ်။ ဒါပေမယ့် ငါဘဲ ဒီအမှုကိုဖြေရှင်းမှာ။ မင်းတော်လိုက်တော့ ဝမ်ရိပေါ်"

"ကျန့်ကောဘာဖြစ်လို့ဒီလောက်ခေါင်းမာရတာလဲဗျာ"

"တော်တော့ ဒီကိစ္စကိုဒီလောက်နဲ့ဘဲ ရပ်လိုက်ကြရအောင်ဝမ်ရိပေါ် ၊ ငါမင်းနဲ့စကားမများချင်ဘူး"

"........."

နှစ်ယောက်ကြားကလေထုအနေအထားသည် တင်းမာနေခဲ့သည်။ နှစ်ယောက်လုံးမှားနေခဲ့သည်တော့မဟုတ်ပေ။ ဝမ်ရိဘက်ကတွေးခေါ်ပုံမှာလည်း  မှားနေတာမဟုတ်သလို ရှောင်ကျန့်ဘက်ကတွေးသည်မှာလည်း အမှန်တွေချည်းသာ။ ပူပန်စိတ် ၊ ဒေါသစိတ် ၊ မခံလိုစိတ်တို့ကြားတွင် နစ်မွန်းနေခဲ့သော ရှောင်ကျန့်တစ်ယောက်တော့ ခေါင်းမမာလို့မရတော့။ ဝမ်ရိကလည်း ရှောင်ကျန့်ကို စိတ်ပူသည့်အပြင် နှစ်နိုင်ငံကြားအခြေအနေများပါ ရောထွေးလာမည်ကို စိုးရိမ်နေခဲ့သည်။ နှစ်ယောက်သား စကားအချေအတင်များခဲ့ကြသည့် ခဏတာအပြီးတွင်တော့ စကားသံထပ်ထွက်မလာတော့ချေ။ သူတို့ထိုင်နေသော လက်ဖက်ရည်ဝိုင်းမှာ အေးစက်လျက်။ အတော်ကြာအောင်ထိုင်နေပြီးသည့်နောက်တွင် ဝမ်ရိ ထထွက်သွားကာ သူ၏အခန်းဆောင်တွင်းသို့ဝင်သွားလေသည်။ လက်ဖက်ရည်ဝိုင်းတွင် တစ်ကိုယ်တည်းကျန်ခဲ့သော ရှောင်ကျန့်ကတော့ တိတ်ဆိတ်ကာပင်နေသည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now