(Unicode)
နန်းတွင်းပြိုင်ပွဲတစ်ခုစတင်ခဲ့လေပြီ။ နှစ်စဥ်နှစ်တိုင်း ရန်အန်းတွင် ကျင်းပလေ့ရှိသောပြိုင်ပွဲတစ်ခုဖြစ်သည်။ ၄င်းတို့၏ ဖခမည်းတော် ဘုရင် ဝမ်ကျစ်၏ မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သားသမီးဖြစ်သူ မင်းသားမင်းသမီးများက ပြုလုပ်ပေးသောပြိုင်ပွဲတစ်ခုပင်ဖြစ်သည်။ မောင်နှမများအချင်းချင်းအပြင် ၄င်းတို့၏ကြင်ယာတော်များပါဝင်ရောက်ယှဥ်ပြိုင်ကြသည်။ ကဗျာရွတ်ပွဲ ၊ စကားထာဖွက်ပွဲ ၊ အမဲလိုက် ၊ ပန်းထိုး ၊ မြင်းစီး စသဖြင့် ပြိုင်ပွဲများစုံလှသည်။
"ကျန့်ကော......ဘယ်ပွဲမှာပြိုင်ဖို့ စာရင်းပေးထားလဲ"
"အင်း မြှားပစ်ပြိုင်မလို့ မင်းရော"
"ကျွန်တော်က ဓါးရေးပြပွဲ"
"ဪ တခြားရောမပြိုင်တော့ဘူးလား ၊ တခြားသူတွေက ၂ ခု ၃ ခုဝင်ပြိုင်ကြတယ်လေ"
"အင်း မပြိုင်တော့ဘူး ကျွန်တော့်အတွက်က တစ်ခုဆိုရပါပြီ။ ကျန်ကောရော..."
"ငါလည်း တစ်ခုဆိုရပြီ ၊ ပျင်းလို့ ဟဲဟဲ"
"ဪ...... ဒီနေ့ ကျန့်ကော မြိုစောင့်တပ်မှာ စလုပ်တော့မှာမလား"
"အင်း ဒီနေ့အလုပ်စဝင်ရတော့မှာ ၊ အာ........ ဝမ်ရိပေါ် ငါ့ကိုတစ်ခုကူညီဦး ပြောဖို့မေ့နေလို့"
"ဘာကိုလဲ"
"အင်း....ငါ့အခန်းကိုလာခဲ့"
ဒီလိုနဲ့ဘဲ ဝမ်ရိကို ရှောင်ကျန့် သူ့အခန်းသို့ လက်ဆွဲခေါ်သွားလေသည်။ ငြင်းတော့မငြင်းဘူး ကောက်ကောက်ပါအောင်သာလိုက်သွားသည်။ ရှောင်ကျန့်အခန်းထဲသို့ရောက်သော် ရှောင်ကျန့်က နှုတ်ခမ်းလေးနည်းနည်းစူလျက် ဆိုသည်။
"ဝမ်ရိပေါ် ငါဒီအင်္ကျီကြီးမဝတ်တတ်ဘူး"
ဝမ်ရိ ညွှန်ပြရာ အင်္ကျီကိုကြည့်လိုက်တော့ တခြားမဟုတ်။ မြို့စောင့်တပ်အရာရှိဝတ်စုံသာ။ အခုမှ ရန်အန်းကို ရောက်လာသည်မလို့ ရန်အန်းဝတ်စုံများကို မဝတ်တတ်သေးခြင်းပင် ဖြစ်သည်။
"ကျန့်ကော.....အခုမှဝတ်ဖူးတာမလား ၊ အစေခံတွေကိုဝတ်ခိုင်းတာမဟုတ်ဘူး။"
YOU ARE READING
မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)
Historical Fictionရန်အန်း ပြည်ရဲ့အငယ်ဆုံးသားတော် မင်းသား (၁၂) "ဝမ်ရိ"။ ဟွား ပြည်ရဲ့ ဒုတိယမြောက်သားတော် ၊ မွေးကတည်းက လျှို့ဝှက်လွန်းပြီး ဟွား တိုင်းပြည်မှ ပြည်သူတို့တောင် "မင်းသား" လား "မင်းသမီး" လား မသိကြတဲ့ "ရှောင်ကျန့်"။ သူတို့နှစ်ယောက်ရဲ့ အမည်မသိ ရစ်ပတ် နှောင်ဖွဲ့...