Chapter 32

576 17 0
                                    

(Unicode)

"ခင်ဗျားကြီးဘယ်နှယ့်လဲ ၊ ခင်ဗျားနည်းနဲ့ခင်ဗျားခံရတာ။ ခင်ဗျားလုပ်တဲ့ ဓါးစားခံထားတဲ့ နည်းလေးနဲ့ ခင်ဗျားကိုယ်တိုင် ဓါးစားခံဖြစ်နေတဲ့ခံစားချင်လေး။ အာ.....ခင်ဗျား တက်နင်းထားတဲ့ ဟောဒီကကျွန်တော့်လက်က ဓါးနဲ့ထောက်ထားတာကအဆစ် ဟဟား"

ရှောင်ကျန့်မှ လုကျိန်းကိုခနဲ့သလို ပြောနေသည်။ အရှေ့ကလုကျိန်းတစ်ယောင်လည်း ပြောသမျှငြိမ်ခံရတာပေါ့ ငြိမ်မခံလို့မှမရတာ။ သူ့ လည်မြိုမှချိန်ထားတာ ဓါးကြီးနဲ့ဟာကို။

ဝမ်ရိသက်ပြင်းချမိသည်။ သူစိတ်ပူလိုက်ရသော အမောင်ရှောင်ကျန့်က လုကျိန်းကိုဓါးနဲ့ရွယ်လျက်ပေါ်လာသည်ပင်မဟုတ်သေး လုကျိန်းကိုပါ သွားသွားဆွနေသည်ကိုး။ တော်သေးသည် သူ့အစားထိန်းပေးမည့် ရွှမ်းယွမ် ကျောက်ယွမ်တို့ပါသွားသေးသည်မလို့သာ။ မဟုတ်လျှင်တော့ ဘယ်လောက်တောင်ထိန်းမရဖြစ်နေမည်မသိ။

အခုတောင်အောက်ထဲက ၂ ယောက်အော်နေပြီ။

"အရှင့်သား ဓါးစားခံကို မင်းသမီး ၂ ဆီအမြန်လက်လွှဲလိုက်ပါတော့။ အရှင့်သားမှာလည်း ဒဏ်ရာတွေ ထိခိုက်ထားတာတွေ ဗလပွနဲ့"

"အရှင့်သား လက်လွှဲလိုက်တော့"

သေချာရှင်းပြပြီး ပြောနေသော ကျောက်ယွမ်၏ ပွစိပွစိအသံနှင့် ကျောက်ယွမ်၏ တိုတိုတုတ်တုတ်ပြောနေသံမှာ ရှောင်ကျန့်နားထံတွင် ဆူလျက်။ နားထောင်လားဆိုတော့လည်း နားမထောင်သော လူ့ကလန့်။ အောက်ကပြောနေသောအသံတွေကိုပင် လျစ်လျူရှုနေမဟုတ်သေး။ မျက်လုံးနဲ့တင် သတိပေးနေသော ဝမ်ရိ၏ အကြည့်တွေကိုလည်း မမြင်သလိုလျစ်လျူရှုလျက်။ မြင်ယောင်သေးသည် ပြီးလျှင် အဆူခံရတော့မယ်ဆိုတာ။

"အဟမ်း.....ကျွန်တော့်ဘေးနားလေးမှာ ဝိုင်းနေကြတဲ့ ဟောဒီက နောင်ကြီးတို့ ၊ ကိုင်ထားတာကြီးတွေကမလေးဘူးလား။ ခဏလောက်ချထားကြပါ့လား"

သူ့ဘေးနားဝိုင်းနေသည်က လုကျိန်း၏ လက်ရုံးများပေါ့။ လက်တွင်ကိုင်ထားကြသည်က လက်နက်ကိုယ်စီနဲ့။ တကယ်တမ်းက ရှောင်ကျန့် ဝေ့၀ိုက်ပြီး လက်နက်ချခိုင်းနေခြင်းသာ။ လက်နက်ချပြီဆိုတာသေချာပြီ ဆိုမှ ဓါးစာခံကို ဝမ်ဟွားလျန်ဆီလွှဲပေးမည်ဖြစ်သည်။

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now