Chapter 4

1.3K 51 2
                                    

(Unicode)

ကွေ့ဖေးထွက်သွားပြီးနောက် ရှောင်ကျန့် ဝမ်ရိ ကိုကြည့်ကာ ရယ်လိုက်သည်။ ဝမ်ရိ ရင်ထဲမှာတော့ ကလိကလိ ၊ စိတ်ထဲမှာလည်းတွေးနေသည်။

"သူဘာလို့ဒီလောက်သတ္တိကောင်းရတာလဲ။ ကြောက်ရကောင်းမှန်းလည်း မသိဘူးထင်တယ်။"

ရှောင်ကျန့် ကတော့ ဘာမှမဖြစ်သလိုပင် ရှန်ဖေး ကိုထပ်နှုတ်ဆက်လိုက်လေသည်။

"ရှန်ဖေး မယ်မယ်။ ကျန့်အော် ထပ်နှုတ်ဆက်ပါတယ်"

"အင်း။ နှစ်ယောက်လုံး ထိုင်ကြ ၊ ခုဏတည်းကရောက်နေတာ ဘာပြောစရာရှိလို့လဲ"

ဝမ်ရိ ကအစပျိုးလိုက်လေသည်။

"ခုဏက သားတော်ကို ခမည်းတော်ကခေါ်တွေ့ပါတယ်။ နောက် ၂ ရက်နေရင် တိတ်တဆိတ်လက်ထပ်ပွဲကျင်းပမယ်လို့ခေါ်ပြောတာပါ။ မယ်တော့်ဆီကိုအကြောင်းလာကြားတာပါ"

"အင်း မင်းကြီးကမှဒီလိုဆိုတော့လည်း မယ်တော်ဘာတတ်နိုင်ပါ့မလဲ။ ထားလိုက်ပါတော့ ။ ရှောင် မင်းသား အရှေ့တိုးလာခဲ့"

ရှန်းဖေးမှရုတ်တရက် ရှောင်ကျန့်ကိုခေါ်လိုက်လေသည်။ ရှောင်ကျန့်လည်း ကြောက်ရွံ့ခြင်းမရှိဘဲ ရှန်းဖေးနားသို့ သွားလိုက်ရာ ရှန်းဖေး မယ်မယ် ကရှောင်ကျန့်ကိုသေချာကြည့်၍ ရှန်းဖေးဆီမှ အံ့ဩလောက်သော စကားသံထွက်လာလေသည်။

"တယ်ချောပေတာကိုး။ သတ္တိလည်းအရမ်းကောင်းလွန်းတယ်။ အမြဲတမ်း ထက်မြက်ပြီး လှပတဲ့ ချွေးမတစ်ယောက် လိုချင်ခဲ့တာ။ အခုတော့သမက်ဖြစ်သွားပြီထင်ရဲ့ ၊ ဒါပေမယ့်လည်း ငါ့သားတော်အရွေးတော်ခဲ့သားဘဲ"

ဝမ်ရိ စိတ်ထဲတွင် သူ၏မယ်တော်က ကန့်ကွက်လိမ့်မည်ဟု ထင်ထားရာမှ ရုတ်တရက်ဆန်သောစကားသံများထွက်လာလေတော့ သူအံ့ဩပြီပေါ့။ ကြိတ်လည်းဝမ်းသာနေပုံ။ ရှောင်ကျန့်ကတော့အလျှောက်ကောင်းလေရဲ့။

"ရှန်းဖေးမယ်မယ် ၊ ကျန့်အော် ကိုလက်ခံသွားပြီလား"

"အင်း လက်မခံလို့မှမဖြစ်တာ။ ပြီးတော့ မယ်တော်လို့ပြောင်းခေါ်သင့်နေပြီလို့မထင်ဘူးလား။ မင်းရဲ့ယောက္ခမဖြစ်မှာဘဲကို"

မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)Where stories live. Discover now