(Unicode)
"အကိုတော် မှန်မှန်လိမ် ၊ ကျွန်တော့်ကိုဖုံးကွယ်ထားတာရှိတယ်မလား"
"အမ်....ကျန့်အော် ၊ မင်းစောစောစီးစီး မူးနေတာတော့မဟုတ်လောက်ပါဘူး။ ဘယ်လိုမေးခွန်းကြီးလဲ"
"အဟမ်း.....မသိချင်ယောင်ဆောင်နေတယ်ဆိုတော့ ဘယ်လိုလေးမြင်သာအောင်ပြောရမလဲ။ မြို့ထဲမှာ ကောင်မလေးတစ်ယောက်နဲ့လျှောက်လည်ပြီး ပျော်ပါးနေတာကို မြင်သာအောင်ဘယ်လိုအသိပေူရမလဲ ....ဟမ်"
"ကောင်မလေးတစ်ယောက်......အာ....ဟွားလျန်နဲ့တွေ့တာကိုပြောတာလား"
"အီးဟီး.....ဝမ်ရိပေါ်..မင်းသမီး ၂ လို့တောင်မခေါ်ဘူး ၊ မျိုးရိုးနာမည်ကိုတောင်ဖြုတ်ပြီး ဟွားလျန်တဲ့။ မင်းပြောကြည့် ငါဘဲထူးဆန်းတယ်ထင်နေတာလား"
"............"
အရင်နေ့ကတွေ့ခဲ့သည့်မြင်ကွင်း၏ ဖြစ်ကြောင်းကိုမေးနေသော ရှောင်ကျန့်သည် သူ၏အကို မင်းသမီး ၂ ကို ခေါ်ပုံခေါ်နည်းကြောင့် သွေးတက်ချင်သလိုလို။ ဒီကြားထဲ ဝမ်ရိကလည်း နားမလည်သလိုလိုလုပ်နေလို့ ရှောင်ကျန့်စိတ်တွေမရှည်ဖြစ်နေသည်။
"အာ...........ငါမပြောမိဘူးလား ကျန့်အော်"
"မပြောဘူး။ ကျွန်တော့်ကိုဆိုဘာမှမပြောမိဘူးသာ မှတ်လိုက်တော့"
"ငါပြောဖူးပါတယ်။ ငါသဘောကျတဲ့ စစ်သည်တစ်ယောက်ရှိတယ်လို့"
"အင်း...အဲဒါနဲ့အခု မင်းသမီး ၂ ကိစ္စနဲ့ဘာမှမဆိုင်ဘူးလေ"
"အဲဒီစစ်သည်ဟာငါရဲ့စေ့စပ်ထားတဲ့သူလို့ရောပြောမိသေးလား"
"ဟမ်.....ဘယ်နားကစေ့စပ်သူတွေ ဘာတွေလဲ။ ဘာမှမပြောဘူး။ ပြီးတော့ အဲ့စေ့စပ်သူတွေဘာတွေနဲ့ မင်းသမီး ၂ ကိစ္စနဲ့မဆိုင်ဘူးလေဗျာ"
"ကျန့်ကော ဒီတစ်ခါတွေးတာနည်းနည်းလိုသေးတယ်"
"အာ......အာ.....အား......မဟုတ်မှလွဲရော....မဟုတ်ဘူးမလား။ ကျွန်တော်တွေးနေတဲ့အဲ့စေ့စပ်ထားတဲ့သူဆိုတာ ဟိုနားမှာရပ်နေတဲ့ဝမ်ရိပေါ်ရဲ့ အစ်မတော့မဖြစ်နိုင်ဘူးမလား အကိုတော်"
ဝမ်ရိဆီသို့လက်ညှိုးလေးထိုးပြရင်း မဖြစ်နိုင်လောက်ပါဘူး ဟူသောအကြည့်လေးနှင့် ရှောင်ကျန့်တစ်ယောက်မဝံ့မရဲ။
YOU ARE READING
မင်းရဲ့အမိန့်အတိုင်းတည်စေ (Complete)
Ficção Históricaရန်အန်း ပြည်ရဲ့အငယ်ဆုံးသားတော် မင်းသား (၁၂) "ဝမ်ရိ"။ ဟွား ပြည်ရဲ့ ဒုတိယမြောက်သားတော် ၊ မွေးကတည်းက လျှို့ဝှက်လွန်းပြီး ဟွား တိုင်းပြည်မှ ပြည်သူတို့တောင် "မင်းသား" လား "မင်းသမီး" လား မသိကြတဲ့ "ရှောင်ကျန့်"။ သူတို့နှစ်ယောက်ရဲ့ အမည်မသိ ရစ်ပတ် နှောင်ဖွဲ့...