Gem အထက်တန်းနောက်ဆုံးနေ့
"Gem အင်္ကျီမှာလက်မှတ်ထိုးလို့ရလား"
"Gem sticker လေးကပ်မယ်နော်""အင်း ရပါတယ်"
Gemအတန်းထဲနေရတာစိတ်ရှုတ်လာတယ် သူအဲ့လိုရှုတ်တာတွေမကြိုက် တကယ်ဆိုဒီလိုနောက်ဆုံးနေ့သူ ကျောင်းတောင်မလာချင်ပါ ဒါကြောင့် စိတ်ရှုတ်လို့ကျောင်းနောက်ဘက်ကိုထွက်လာသည်။ ကျောင်းနောက်ဘက်ရောက်တော့သူထက်တစ်နှစ်ငယ်မဲ့ပုံပေါ်ကောင်လေးတယောက်ငိုနေလေတယ်။
"Pa kha ဘာလို့သားတို့ကိုထားသွားခဲ့ရတာလည်း သားဘာဆက်လုပ်ရမလည်းအဖေရယ် သားအထက်တန်းလည်းမပြီးသေးဘူးအမေကိုဘယ်လိုလုပ်ကျွေးရမလည်း"
ကောင်လေးငိုနေတာသနားစရာလေး ငိုတာဘယ်လောက်တောင်ကြာနေပြီလည်းမသိနှာခေါင်းထိပ်ကလေးတွေရဲလို့ မျက်လုံးလေးတွေလည်းမို့လို့
"ကောင်လေး ရော့ tissue နဲ့သုတ်လိုက်ပါအုံး"
ကောင်လေးက tissue ယူပြီးရုတ်တရက်သူကိုထဖက်လာတယ်။ တခြားသူဆိုရှောင်မိမယ်ထင်တယ် ဒီကောင်လေးကိုတော့သူဖက်ထားချင်မိတဲ့စိတ်တွေဖြစ်ပေါ်လာတယ်။ဒါကိုအချစ်လို့ခေါ်ရင် သူဒီကောင်လေးကိုမြင်မြင်ချင်း ရင်ခုန်ပြီး ချစ်မိခဲ့ပြီထင်တယ်။
"ကျွန်တော်တောင်းပန်ပါတယ်အကို ကျွန်တော်က အရမ်းဝမ်းနည်းလာရင် ဘေးနားကရှိတဲ့သူကိုဖက်ပြီး ငိုတတ်လို့ပါ"
"ရပါတယ်အကိုအဆင်ပြေပါတယ်ဒါနဲ့မင်းဘာလို့ငိုနေတာလည်းကောင်လေး"
"ဟို,ကျွန်တော့်အဖေ ဒီနေ့ဘဲ ထောင်ထဲမှာ ဆုံးသွားလို့ အကို၊ အဖေကလေ ချောက်ချခံရပြီး ထောင်ကျတာ ကျွန်တော်တို့ သားမိမှာအဖေနောက်ဆုံးချိန်တောင် အဖေနားမှာမရှိခဲ့ဘူးအကိုရယ်"
သူဒီ အကို ကို အခုမှမြင်ဖူးတယ်ဆိုပေမဲ့ သူအကြောင်းတွေပြောပြနေမိတယ် အကို ကိုသေချာပြန်ကြည့်တော့ ကျွန်တော်အကြည့်ချင်းဆုံပြီးမျက်နှာလွှဲသွားတယ်။
ချာတိတ်ရယ် မင်းကိုယ်ကိုအဲ့လိုသေချာမကြည့်ပါနဲ့ ကို တကယ်ရင်ခုန်နေတာပါ။