"ဆိုင်ကလည်း ထမင်းလေးတခါမှာစားဖို့ အဲ့လောက်ကြာလည်း လက်ရာကောင်းပြီး service ညံ့လိုက်တာ"
ခေါင်းက menus စာအုပ်ကိုငုံ့ကြည့်ပြီးပြောလိုက်သည်။ Phuwin လည်း ပြောဖို့ မော့ကြည့်လိုက်တော့
"ဟင်.....fotfot"
fourth တယောက်အံ့ဩသွားသည် ခုနကနောက်ကျောကိုမြင်ကတည်းက စိတ်ထဲတမျိုးဖြစ်နေပေမဲ့ အခုတော့တကယ်ကြီးသူတို့ဖြစ်နေခဲ့တာ။
Gemတယောက်သူအကိုရဲ့ အာမေဋိတ်အသံကြောင့် ရုတ်တရက်မော့ကြည့်လိုက်တဲ့အခါသူကိုပြန်ကြည့်နေတဲ့ မျက်ဝန်းတစ်စုံနဲ့စုံခဲ့သည်။ ဒီမျက်ဝန်း ဒီမျက်နှာ ဒီလူကို သူလွမ်းနေခဲ့ရတာမလား ။ပြန်မဆုံဘူးလို့တောင်ထင်ခဲ့တာ အဆက်အသွယ်တွေလည်းမရခဲ့ဘူးလေ။
"Nong ဘာဖြစ်လို့....ဟင်"
Pondတယောက် fotfot အမှာလာမပို့သေးလို့ လိုက်လာသည်။
"ကလေးတွေရယ် ကြည့်ပါအုံး အရွယ်တွေတောင်ရောက်လာပြီ ဒေါ်ဒေါ်နဲ့အပြင်မှာဒီတိုင်းဆုံရင်မှတ်မိမယ်မထင်ပါဘူး"
fotfotမားကသူတို့ညီကိုနှစ်ယောက်ထမင်းပါခေါ်ကျွေးပြီး စကားတွေပြောသည်။
"ထင်ပါတယ် ဒါကြောင့် အကိုတို့ကိုတွေ့ဖူးပ့တယ်လို့ အကိုတို့ကချောရဲ့သားနဲ့ဘာလို့မင်းသားဆက်မလုပ်တာလည်း"
"Ai Yoon....!"
Pondတယောက်စပ်စုနေတဲ့ Yoonကိုအော်ထုတ်လိုက်သည်။ပြီးတော့ စကားသံပြန်တိတ်ဆိတ်သွားလို့ fotfotကထပြီး
"ကျွန်တော် ပန်းကန်တွေသွားဆေးအုံးမယ်"
"အကိုလည်းလိုက်မယ်"
fotfot ရောPondရော အနေအထိုင်ကျင်းကျပ်လာ၍ထသွားသည်။ဒါကိုသိတဲ့ Phuwin တို့ညီကိုနှစ်ယောက်က မသိမသာပြုံးနေသည်။
"ဒေါ်ဒေါ်နေကောင်းလား ခြေထောက်ကရောပတ်တီးနဲ့ဘာဖြစ်တာလည်းဟင်"
"နေကကောင်းပါတယ်ကွယ် ခြေထောက်က ဟိုးတနေ့ကခြေဆခါက်လဲတာ အဲ့တာကြောင့်ဆိုင်နှစ်ရက်ပိတ်လိုက်ရတာလေ"
"ဒေါ်ဒေါ်လက်ရာက အရင်လိုကောင်းတုန်းဘဲ ဒါကြောင့် ကျွန်တော်တို့ညီကို နှစ်ယောက် ဒီကထမင်းချိုင့်ဆွဲစားတာ"