fotfot တယောက် မနက်က Gemပြောသွားတဲ့စကားကြောင့် တနေ့ကုန် လန့်နေသည်။
"မားဘာတွေချက်နေတာလည်း သားဝိုင်းကူမယ်လေ"
"ရပါတယ် သားရယ် မားဒီနေ့ အများကြီးမချက်ရပါဘူး Gem စားချင်တာလေးရယ် မားတို့စားဖိူ့ရယ်ဘဲ ဒီနေ့ Gem ပါးရော မားရော အိမ်ပြန်မလာဘူး ကမ်းခြေက ဟိုတယ် ဘက်အခြေအနေသွားကြည့်မို့တဲ့၊Pondကလည်းမှာခဲ့ သူတို့ condoမှာဘဲ အိပ်မှာတဲ့"
မားရဲ့စကားကြောင့် ကျွန်တော် တံထွေးမျိုချလိုက်သည်။ ဘုရားဘုရား ငါမတွေးရဲဘူး ငါရှောင်နေမှဘဲလို့ fotfotတယောက်တွေးနေချိန်
"အော် ကိုလေး ပြန်ရောက်ပြီလား ကျောင်းကအစော်ကြီး ဆင်းတာလား"
P'Ni ရဲ့နှုတ်ဆက်သံကိုကြားလိုက်ရသည်။ဟုတ်ပါ့ဘာလို့သူကအစောကြီးပြန်လာတာလည်း တကယ်ဆို အချိန်၃နာရီကြီးများတောင်လိုသေးတာဘဲ။
"သားGemပြန်လာစောတယ်နော် ကုမ္ပဏီသွားရမှာလား"
"မသွားရပါဘူးမား (fotfot မေမေ) သားရေချိုးပြီး ခနနားလိုက်အုံးမယ်နော်" ပြောပြီးထွက်သွားသည်။
လှေကားတစ်ထစ်လောက်လှမ်းပြီးမှ"အော် fotfotညကြအခန်းထဲငါနဲ့လာအိပ်နော်
ဇာတ်ညွှန်းတွေသေချာမလုပ်ရသေးလို့"ဆိုကာတက်ပြေးသွားသည်။"မား ညကြရင်လေ မားနေမကောင်းဘူးလို့ ဟန်ဆောင်ပေးပါလား လုပ်ပါမားရယ်"
သားတယောက် သူ့အလုပ်လုပ် ကိုမလုပ်ချင်လို့ အမေဖြစ်သူကို လိမ်ခိုင်းနေတယ်
"သားရယ် Gem က သားကို အလုပ်လုပ်ဖို့ ခေါ်တာလေ ပြီးတော့ဒီညသူ့အကိုလည်းမရှိတော့အထီးကျန်တာပေါ့ ဒီအလုပ်ကသားအလုပ်လေ"ဆိုပြီး ဆုံးမစကားပြောလေသည်။
"မား..... မား .......မား..... နော် နော်"ဆိုပြီးချွဲတော့သည်။
"ကယ် ဒီကလေးကတော့လေ မသိရင် Gemက သားကို ကိုက်စားမှာကြနေတာဘဲ"
fotfotတယောက် မားပြောလိုက်တဲ့စကားကြောင့် ခန္ဓာကိုယ်လေး တုန်သွားသည်။
"တကယ်လည်းစားတော့မှာလေ မားရယ်"ဆိုပြီးတိုးတိုးလေးသာ ပြောလိုက်တော့သည်။