Part-14💖

292 29 3
                                    

လေးနှစ်ခန့်ကြာသော်

"Pond ရေ ဒီနေ့ ဝယ်သူနဲ့တွေ့ရမှာနော် သွားတာနောက်မကျစေနဲ့အုံး"

"Kha P'Mark ခန‌နေကျွန်တော်သွားတော့မှာ အလုပ်လေးလက်စသပ်မလို့"

Pondတ‌စ်ယောက် အရှေ့ကပြက္ကဒိန်ကို တစ်ချက်ကြည့်လိုက်သည်။

"အော် လေးနှစ်တောင်ရှိပြီဘဲ အချစ်ရော အဆင်ပြေရဲ့လား "

သူတို့အဲ့အိမ်ကထွက်လာတာလေးနှစ်ရှိပြီ။အဲ့နောက် သူတို့အတွက်ကံကောင်းမှုလေးပေါ်လာခဲ့သည်။ fotfot ပါးက သူတို့သားမိနှစ်ယောက်အတွက် ‌ခြံနဲ့အိမ်လေး အမွေပေးခဲ့တာကြောင့် အဲ့ခြံနဲ့အိမ်လေးကိုရောင်းပြီ အခန်းလေးတစ်ခန်းဝယ်ကြတယ်။ fotfot ကိုလည်းကျောင်းဆက်တက်ခိုင်းသည်။ မားကတော့ တိုက်အောက်မှာထမင်းဆိုင်ဖွင့်ခဲ့တယ် ခိုင်းဖို့လည်းကောင်မလေးတယောက်ခေါ်ထားသည်။ကျွန်တော်လည်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှာ လက်ထောက်မန်နေဂျာ ရာထူးနဲ့အလုပ်ရခဲ့သည်။ သူတို့အကြောင်းတွေကတော့ တစ်လလောက်နေ၍ အကုန်လက်စပျောက်သွားသည်။ အခုတော့ဘဝလေးကအဆင်ပြေနေပါပြီ။

"P'fot  ကျွန်တော်ကို စာကူလုပ်ပေးအုံးနော် ကျွန်တော်သိပ်နားမလည်လို့"

fotfotက အင်ဂျင်နီယာ ဒုတိယနှစ်ရောက်ပြီ ဒါပေမဲ့ အတန်းထဲက ကလေးတွေထဲသူကအသက်ကြီးဆုံးလေ ကျောင်းတက်နောက်ကျခဲ့တာမို့

"Ok kha Noung Ford ညနေကျ ထမင်းဆိုင်မှာ လုပ်ကျတာပေါ့"

fotfotကကျောင်းမှာနာမည်ကြီးတယ် ကျောင်းတက်နောက်ကျတာကြောင့်လည်းပါသလို ပြီးခဲ့တဲ့ကိစ္စတွေကြောင့်လည်း လူတွေကသတိထားမိသည်။ဒါအပြင် ချစ်ဖို့ကောင်းတဲ့ရုပ်ကလေးပိုင်ဆိုင်ထားတော့ မိန်းကလေး‌တွေရော ယောက်ျားလေးတွေရောစိတ်ဝင်စားကြသည်။ ဒါပေမဲ့ သူရင်ထဲမှာတ‌စ်ယောက်သောသူဘဲ အခုချိန်ထိ လူယုတ်မာချောချောလေးကို မေ့လို့မရသေပေ။

"သား ‌နေ့လည်စာ စားပြီးပြီလား အလုပ်ရှုတ်နေလား "

"မစားရသေးဘူး မား ထမင်းချိုင့်သွား ယူခိုင်းတုန်း"

Phuwin ရော Gemရော တစ်နှစ်ဘဲ ရုပ်ရှင်လောကထဲမှာ နေခဲ့ကြသည်။ တစ်နှစ်ပြည့်တာနဲ့ထွက်ပြီး Phuwin က အိမ်ရဲ့ကုမ္ပဏီကိုဦးစီးပြီးGemကကျောင်းဆက်တက်သည်။
အခုဆို Gemလည်း ဆေးရုံမှာ အလုပ်သင်ဆင်းနေပါပြီ။

Love is trickyWhere stories live. Discover now