သူတို့အိမ်ပြန်လာတဲ့လမ်းတစ်လျှောက်လုံး company ကဖုန်းဆက်နေသည်။ အမေကလည်းဘယ်မှမသွားဘဲ အိမ်ကိုတန်းပြန်လာဖို့ခနခနဖုန်းဆက်ပြောနေသည်။
"fotfot ဘာမှမစိုးရိမ်နဲ့နော် ကိုရှိတယ် ကိုတို့ကိုသူတို့ဘာမှလုပ်လို့ရဘူး ကို ကိုယုံပေးနော်ကလေး"
Gem တစ်ယောက် fotfotေကြာက်ေနမှာဆိုးလို့ ကားမောင်းရင်းလက်တစ်ဖက်ကိုကိုင်နှစ်သိမ့်ရှာသည်။
"Pond ကျွန်တော်ကို မထားသွားဘူးမလား ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ဝန်ခံလိုက်မယ် ကျွန်တော်ကိုလူမုန်းပါစေ ကျွန်တော်အဆင်ပြေတယ်"
Pondတယောက်သူဘေးနားက လက်ကလေးတစ်ဖက်ကိုင်ပြီး မျက်ရည်တွေဝဲကာစကားပြောနေတဲ့ သူ့အချစ်ကိုသေချာကြည့်ပြီးပြုံး ပြလိုက်သည်။
အိမ်သို့ပြန်ရောက်ကြသောအခါ
အမေရော အဖေရောက သူတို့လေးယောက်လုံးကို ဒေါသထွက်တဲ့မျက်လုံးနဲ့ ကြည့်နေသည်။fotfot မေမေကတော့ သူတို့အတွက်စိတ်မကောင်းဖြစ်နေပုံပေါ်သည်။
အမေတို့ဘေးနားမှာလည်း အမေတို့ပွဲတွေတက်တိုင်း လိုက်ပေးရတဲ့ bodyguard လေးယောက်ရှိနေသည် အခြေအနေမဟန်မှန်း သူတို့သိလိုက်သည်။
"သားနှစ်ယောက်လုံးသွားခေါ်လာခဲ့သည်"
Gemတို့မားရဲ့အသံ ကဩဇာညောင်းလှသည်။ ချက်ချင်း bodyguard လေးယောက်လုံးက Gemတို့ညီကိုနှစ်ယောက်လုံးကို သေချာထိန်း၍ သူမဘေးနားခေါ်ထားသည်။
Gem အဖေကတော့သူဘာမှမပြောချင်တော့ဘူးဆိုတဲ့ပုံဖြင့်ထိုင်ကြည့်နေသည်။
"နောက်နေ့ကစပြီး ဒီအိမ် ဒီနေရာ ဒီမိသားစုနဲ့ပတ်သက်ပြီး ဘာအလုပ်မှလုပ်စရာမလိုတော့ဘူး မင်းတို့နှစ်ယောက်လုံးရော မင်းရဲ့အမေရော အလုပ်ထုတ်လိုက်ပြီ"
သူမတကယ်ဒေါသထွက်နေတာ ကျွန်တော်တို့ထင်ထားတာထက် သူသူ့သားတွေကိုချစ်တယ် အခုလည်း သူ့သားတွေ လူတွေဝိုင်းပြောမှာဆိုးလို့ ကျွန်တော်နှစ်ယောက်ကိုထွက်သွားခိုင်းပြီ။
"ဒီမှာ မင်းတို့အတွက်အရင်းအနှီး ဒီငွေတွေက မင်းတို့အခုနစ်နာကြေးပေးတယ်လို့ သဘောထားလိုက်"