နောက်တစ်နေ့ မနက်စာစားချိန်တွင်
"Ni သား တို့ကိုသွားခေါ်အုံး ဒီမှာသူတို့အကြိုက်လေးလုပ်ထားလို့ shooting မသွားခင်စားရအောင်"
"kha အန်တီ"
Ni တယောက် Phuwin နဲ့Gemကိုနိုးရန် အိမ်ပေါ်သို့တက်သွားလေသည်။
"ကိုကြီး ကိုလေး နိုးပြီလားရှင့် အန်တီ မနက်စာလေး စားရအောင် လာခေါ်ခိုင်းလို့ ရှင့်"
"လာခဲ့မယ် ပြောလိုက်"
Gemအသံထွက်လာသည်။
"Kha"
'အင်း အခြေအနေတော့မဟန်ဘူး ညီကိုနှစ်ယောက်လုံးဒေါသထွက်နေသေးတာဘဲ'
Ni လည်း ညီကိုနှစ်ယောက် ဒေါသကို ကြောက်၍ အောက်ကိုပြေးဆင်းလာသည်။
"သားတို့ လာထိုင် မုန့်လာစားကြ၊ ပါး ဒီနေ့ မန်နေဂျာအသစ်ခေါ် စာထုတ်ထားတယ်နော် နှစ်ယောက်လုံးအတွက်"
ပါးကကျွန်တော်တို့ညီကိုနှစ်ယောက်အတွက်မန်နေဂျာအသစ်ခေါ်ဖို့စာထုတ်ထားပြီးဖြစ်ကြောင်းပြောသည်။
"ဒါအိမ်မက် မဟုတ်ခဲ့ဘူးဘဲ"
Phuwin တစ်ယောက်တိုးတိုးလေးရေရွက်မိသည်။
"သား တို့ ရိုက်လက်ဆ ဇာတ်လမ်းတွဲတွေပြီးရင် ဆက်မရိုက်တော့ဘူး ပါး ဒါကြောင့်မန်နေဂျာတယောက်ဘဲခေါ်ပေးပါ သားတို့ညီကိုနှစ်ယောက်အတွက်"
Phuwin ပြောလိုက်သည့်စကားကြောင့် ပါးရောမားရော ငြိမ်သက်သွားသည်။
"ဟုတ်တယ်သားလည်း ဆက်မလုပ်တော့ဘူး ကုမ္ပဏီကို ပိုက်ဆံပြနိရော်ရမယ်ဆိုလည်း သားတို့ပြန်ရော်မှာပါ"
သားတွေပြောလိုက်စကားကြောင့် သူတို့စိတ်တွေဘယ်လောက်ထိ ထိခိုက်ေနလည်း သူမသိသည်။
"သားတို့ သဘောပါကွယ် ပြီးတော့ ဟိုကိစ္စကလည်း အမေတို့ရှင်းစရာရှိပြီးပြီ ကုမ္ပဏီနဲ့တိုင်ပင်ပြီး သားတို့ဒီနေ့သတင်းစာရှင်းလင်းပွဲကျရင် ငြင်းလိုက်တာနဲ့အကုန်ပြီးပြီ"
သတင်းစာရှင်းလင်းပွဲတွင်
"မီဒီယာသမားများနှင့် တာဝန်ရှိလူကြီးများအားလုံး မင်္ဂလာပါ ဒီနေ့သတင်းစာရှင်းလင်းပွဲကတော့ မနေ့ကဆိုရှယ်မီဒီယာအပေါ်မှာ တက်လာတဲ့ Phuwin Gemတို့ရဲ့ ပုံနဲ့ပတ်သက်ပြီး ပြန်ဖြေရှင်းမှာဖြစ်ပါသည်။"