"Congratulations! ပါသားငယ်လေး Mae သားလေး သရုပ်ဆောင်ဝါသနာပါတာ အမေမသိခဲ့ဘူး သိခဲ့ရင်အမေ ဆရာဝန်မလုပ်ခိုင်းပါဘူး"
"သားလည်း P ကိုကြည့်ပြီး ရိုက်ချင်လာတာပါ အခုကြိုးစားကြည့်မယ် Mae"
"P pondကို အကိုမန်နေဂျာခေါ်ခိုင်းတယ်နော် ဘာမှမပူနဲ့တော့"
Pond အိမ်ပြန်ရောက်သောအခါ
"Fotfot ညီလေးမန်နေဂျာလုပ်ရမယ် Geminiရဲ့"
"ကျွန်တော်အဲ့တာမှမလုပ်ဘူးတာ အကိုရဲ့အဆင်ပြေပါ့မလား ပြီးတော့သူကအသစ်မလား P'Phuwin ညီလေ သူအကိုလို ဇီဇာကြောင်ရင် ကျွန်တော်ဘာမှမလုပ်တတ်ဘူး"
"အဆင်ပြေမှာပါ ပြီးတော့သူနောက်ကို အချိန်မပြည့်မလိုက်ရပါဘူး သူ company သွားချိန် ရိုက်ကူးရေးရှိချိန် Eventသွားရတဲ့ချိန်အဲ့လောက်ဘဲလိုက်ရမည်။ ပြီးရင် သူအိမ်မှာနေရမယ် အကိုလည်း ပြောင်းနေရတော့မယ်ဒါကြောင့်"
"ဒါဆိုအမေကရော အကို အမေကိုတယောက်တည်းမထားနိုင်ပါဘူး အခုမှနေပြန်ကောင်းလာတာကို"
"Maeအတွက်လည်းမပူနဲ့ အခု သူတို့အိမ်မှာ ထမင်းချက်နေရာကို လူမရှိလို့ အကိုကိုရှာခိုင်းတာ Maeအတွက်ပြောထားတယ် တစ်ချက်ခုတ်ကိုသုံးလေးချက်ပြတ်နေတာ fotfot"
ကျွန်တော်သေချာစဉ်းစားလိုက်တယ် Maeဒီလိုချက်ပြီးရောင်းနေမဲ့အစား ဟိုကမီးဖိုခန်းသေသေချာလေးမှာ ကျော့ကျော့မော့မော့လေးချက်ရမယ် နေပူထဲလည်းမဟုဘူး ငါလည်းအပြင်အလုပ်သွားရင် မားကိုစိတ်ပူစရာမလိုတော့ဘူး အင်း လူဆိုတာမွေးကတည်းတတ်တာမှမဟုတ်ဘဲ ငါလည်းလေ့လာရင်း အဆင်ပြေမှာပါ ငါလုပ်မယ် ပြီးတော့P'Pondလည်းရှိတာဘဲအဲ့အိမ်မှာအဆင်ပြေမှာပါ
"P ကျွန်တော်ကြိုးစားပြီးလုပ်ပါ့မယ် ကျွန်တော်တို့ဘယ်နေ့စပြောင်းမလည်း"
"သဘက်ခါပေါ့ သောကြာနေ့"
သောကြာနေ့သို့ရောက်သောအခါ
"Ni Ni ရေ ငါလုပ်ခိုင်းထားတဲ့အခန်းတွေသန့်ရှင်းလုပ်ပြီးပြီးလား"
"ပြီးပြီ ကိုလေး NiNiမနေ့ကတည်းကလုပ်ထားတာ"
"သားဒီနေ့ Pondတို့ပြောင်းလာပြီလား ထမင်းချက်ဖို့အတွက်ရော သားငယ်အတွက်ရော Manager ပါခေါ်လာမှာလား"