Happy (1) month par ကလေးငယ် ဆိုတဲ့
စာတန်းလေးကို Gem တယောက်အိပ်ယာကနိုးနိုးချင်း fotfot လှမ်းပို့လိုက်သည်။'အော်ဘာလိုလိုနဲ့တစ်လပြည့်ပြီကလေးငယ် ကို တို့အကြာကြီးအတူတူနေသွားကြမယ်နော်
အသက်တွေကြီးတဲ့အထိမင်းဘေးမှာဘဲ ကိုနေမယ် ဘာတွေဖြစ်လာဖြစ်လာ မင်းလက်ကလေးမလွတ်တမ်းကိုင်ထားမယ်နော် မင်းလည်းကို နားမှာယုံယုံကြည်ကြည်နဲ့ ချစ်ပေးပြီးနေပေးပါ' ဆိုတဲ့စာတန်းလေးလည်းရောက်လာခဲ့ပါသည်။"fotfot, Pond လာကြပါအုံး" Gemတို့ရဲ့ မားကလှေကားကနေဆင်းလာတဲ့ Pond ရယ် fotfotရယ် ခေါ်လိုက်သည်။
"ဒီမှာ သားတို့နှစ်ယောက်အတွက် အင်္ကျီ အန်တီသူငယ်ချင်းက NewYork ကပြန်လာတော့ဝယ်လာတာ ,ဒါကတော့ ဟိုမင်းသားနှစ်ယောက်အတွက် အခုထိဆင်းမလာသေးတာမနိုးကြသေးတာလား Pond"
"အယ် Phuwin ကနိုးပြီ အန်တီ အင်္ကျီလဲနေလို့ Gemကတော့မသိဘူး"
အန်တီကခနတွေဝေသွားပြီး ကျွန်တော်ကြည့်ကာထပ်မေးသည်။ fotfotလည်း ကျွန်တော်လက်ကို မသိမသာလာကုပ်သည်။
"Gem ကိုနိုးမနိုးမသိဘူး ဆိုတော့ သူတို့နှစ်ယောက်ကအတူတူအိပ်ကြတာလေ Pondကမတွေ့ခဲ့ဘူးလား Gemကို"
အဲ့တော့မှသူစကားမှားမှန်းသိကာ
"ကျွန်တော်ပြောချင်တာ Phuwin တို့ကိုတံခါးခေါက်ပြီးဘဲမေးလိုက်တာမို့ မတွေ့ခဲ့ရဘူးပြောတာခဗျ"
"ကျွန်တော်တို့ မနက်စာသွားစားပါအုံးမယ်အန်တီ အင်္ကျီအတွက်ကျေးဇူးပါခဗျ"ဟု fotfotကစကားဖြတ်ကာထွက်လာသည်။
"မင်းပုံတွေက ဒီထပ်ကြည်တာမရတော့ဘူးလား ဒီလောက်ဝါးနေတာ သူတို့မှန်းဘယ်လိုသိမှာလည်း သောက်ရူးရဲ့"
"ဆရာရယ် ပုံတွေကသိသာပါတယ် သူတို့ညီကိုတွေမှန်း အခုကခဲတလုံးနဲ့ငှက်နှစ်ကောင်ပစ်မှာနော် အကို ကိုချောက်ချချင်လို့ လိုက်တာညီပါ ပါလာတော့ ပွဲကလှနေပြီဆရာ"
မင်းသား ဆရာတပည့်နှစ်ယောက်ကတော့ Phuwin တို့ညီကိုစုံတွဲပုံတွေကြည့်ပြီး သောက်ကျင့်ယုတ်ဖို့တွေးနေပါပြီ
"Gem ကျောင်းမလိုက်ချင်ပါဘူးဆို အတင်းခေါ်လာတာဘဲ အိမ်မှာ ဘဲနေချင်တာပါဆို"